|
PostgreSQL နှင့် PostGIS
ဤအခန်းတွင် Windows ကွန်ပြူတာတွေမှာ PostgreSQL ကိုမည်ကဲ့သို့ install ပြုလုပ်ရမည်ဆိုသည်နှင့် မြေပြင်နဲ့ပါတ်သက်သောအချက်အလက်များအားသိမ်းဆည်းနိုင်သည့်database တစ်ခုမည်ကဲ့သို့တည်ဆောက်မည်ဆိုသည်ကို ဖော်ပြ ပေးမည်ဖြစ်သည်။ အခမဲ့သုံးစွဲခွင့်ရသည့် QGIS ဆော့လ်ဝဲလ် ကိုအသုံးပြုမည်ဖြစ်သည့်အတွက် သင်အရင်ကသုံးစွဲခဲ့ဖူးလျှင်အရမ်းကို အထောက်အကူဖြစ်မည်ဖြစ်ပါသည်။ အခုလာမယ့်အပိုင်းမှာဆိုရင်တော့ PostgreSQL database ထဲသို့ OpenStreetMap data များအားမည်ကဲ့သို့ထည့်သွင်းမည် ဆိုသည်ကိုတွေ့ရမည်ဖြစ်သည်။ PostgreSQL နှင့် PostGIS တို့အား install ပြုလုပ်ခြင်းဤအပိုင်းတွင် PostgreSQL ကို အရင် install ပြုလုပ်ပြီး PostGIS spatial extensions တွေကိုဆက်လက်ထည့်သွင်းသွားမည်ဖြစ်သည်။ install ပြုလုပ်တာတွေကတော့ လွယ်လွယ်ကူကူ click လေးတစ်ချက်နှိပ်ပြီးလုပ်သွားရုံပင်ဖြစ်သည်။ PostgreSQL ဝက်ဘ်ဆိုက်ဒ်ကိုသွားပြီး download ပြုလုပ်ရန်အတွက် http://www.postgresql.org/download/ ကိုနှိပ်ပါ။ ဤနေရာတွင် သင့်အနေဖြင့် operating systems အမျိုးမျိုးအတွက် install ပြုလုပ်နိုင်သည့် instructions များကိုတွေ့ရမည်ဖြစ်သည်။ အကယ်၍ သင့််ကွန်ပြူတာက window OS ဆိုလျှင်တော့ “Windows” ဆိုတာကိုနှိပ်ပြီး download ပြုလုပ်ပါ။
ထို့နောက် Download ကိုနှိပ်ပါ။ PostgreSQL ရဲ့ version အမျိုးမျိုးအတွက် install လုပ်ပုံအမျိုးမျိုးကို တွေ့ရမည်ဖြစ်သည်။ နောက်ဆုံး ထွက် version ကို download ပြုလုပ်ပါ။ ယခုဤစာထဲတွင် နောက်ဆုံး version မှာ 9.3.1 ဖြစ်ပါ သည်။ Win x86-32 ကိုနှိပ်ပါ။ သို့သော် ၎င်းသည် 32-bit အတွက်သာဖြစ်သည်။အကယ်၍သင့်ကွန်ပြူတာသည် 64-bit ဆိုလျှင် 64-bit ကိုနှိပ်ပါ။ Download ပြုလုပ်ပြီးလျှင် click တစ်ချက်အလွယ်တကူနှိပ်ပြီး install ပြုလုပ်ပါ။ ဘာကိုမျှမပြုပြင်ဘဲ “Next” ကိုနှိပ်ပြီးဆက်သွားပါ။ သင့်အနေဖြင့်ပထမဆုံး database အသုံးပြုသူ (the user is postgres)အတွက် password တစ်ခုလိုပါလိမ့်မည်။ ၄င်း password ဖြင့် အသုံးပြုသူသည် ကိုယ်ပြုလုပ်ချင်သောအရာကို အလွယ်တကူပြုလုပ်နိုင်သည့်အတွက် password မမေ့ရန်အရေးကြီးပါသည်။
Install ပြုလုပ်သည့်အဆင့်တိုင်းကို ဘာမျှမပြောင်းလဲဘဲ “Next” ကိုဆက်တိုက်နှိပ်သွားလျှင် အလိုလျှောက် install ပြုလုပ်သွားပြီး မိနစ်အနည်းငယ်ကြာလျှင်install ပြုလုပ်ခြင်းပြီးစီးသွားပါမည်။ Install ပြုလုပ်ခြင်း၏နောက်ဆုံးအဆင့်တွင် သင့်အား StackBuilder ကိုဖွင့်ပေးမလားဟု မေးပါလိမ့်မည်။ သို့သော်လည်းထိုအရာရှိမှသာ PostGIS ကို installပြုလုပ်၍ရသည်ဖြစ်သောကြောင့်“Finish”ကိုမနှိပ်မီ StackBuilderကိုအမှန်ခြစ်ခဲ့ရန်အရေးကြီးပါသည်။ အခု PostgreSQL ကို install ပြုလုပ်၍ပြီးစီးသွားပြီဖြစ်သောကြောင့်PostGIS extensionsတွေကိုထပ်ထည့်ကြရမည်ဖြစ်သည်။ StackBuilder ကိုဖွင့်လိုက်ပြီးလျှင်dropdown menu မှPostgreSQL ကိုရွေးပြီး Next ကိုနှိပ်ပါ။ အောက်မှာပြထားသကဲ့သို့ပင်ဖြစ်နေမည်။ “Spatial Extensions” ဆိုသည့် tab ကိုဖွင့်ပြီး PostGIS ၏ဘေးရှိ လေးထောင့်ကွက်ကိုအမှတ်ခြစ်ပေးပါ။ ဒီထဲမှာဆို ရင်တော့ PostGIS ၏version သည် 2.1 ဖြစ်သည်။ Extensions များကို download ပြုလုပ်ပြီး install ပြုလုပ်ရန်အတွက် Next ကိုနှိပ်ပါ။ ပြီးလျှင် “I Agree” ကိုဆက်နှိပ်ပါ။ PostGIS သည် install လုပ်နေစဉ်မေးခွန်းများစွာ မေးပါလိမ့်မယ်။ သို့သော်ဘာမျှပြင်စရာမလိုဘဲ Next ကိုပဲဆက်နှိပ်သွားပါ။ သင့်အနေဖြင့်ပထမဆုံး database ကိုသူ့အလိုအလျောက်ဖန်တီးပေးအောင်ပြုလုပ်လို့ရသော်လည်းနောက်ပိုင်းမှသာကိုယ်ကိုယ်တိုင် ဘယ်လိုလုပ်မည်လည်းဆိုသည်ကိုလေ့လာပါမည်။ PostGIS ကို install ပြုလုပ်ရန်အတွက် သင်သည်PostgreSQL ကို installပြုလုပ်ခဲ့စဉ်ကအသုံးပြုခဲ့သော password ကိုလိုအပ်ပါသည်။ GDAL_DATA ၏ပတ်ဝန်းကျင်ပြောင်းလဲမှုကို မှတ်ပုံတင်ခိုင်းလျှင် “Yes” ကိုနှိပ်ပါ။ Installation ပြုလုပ်ပြီးသွားလျှင် “Close” နှင့်“Finish”ကိုနှိပ်ပါ။ Database တစ်ခုဖန်တီးခြင်းယခုကျွန်ုပ်တို့ မဖြစ်မနေလိုအပ်သည့် software ကို install ပြုလုပ်ပြီးလျှင် databaseတစ်ခုစတင်ဖန်တီးမည်ဖြစ်သည်။ Query ပြုလုပ်ခြင်းနှင့် database များကို modify ပြုလုပ်ရန်အတွက် pgAdmin III ကိုသုံးပါမည်။ PgAdmin III သည် PostgreSQL တွင်တရားဝင်သုံးသည့်ချိတ်ဆက် program တစ်ခုဖြစ်ပြီး သင်၏ data table များကို ထိန်းချုပ်အသုံးပြုရန် SQL language ကိုသင့်အားအသုံးပြုခွင့်ပေးထားပါသည်။ ထို့ပြင်command-line မှ database များကိုဖန်တီးရန်နှင့်ထိန်းချုပ်အသုံးပြုရန်အတွက်လည်းပြုလုပ်နိုင်ပါသည်။ ယခုလောလောဆယ်တွင် pgAdmin III သည် စတင်ရန်အတွက်လွယ်ကူသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ pgAdmin III ကိုဖွင့်လိုက်ပါ။ ကွန်ပျူတာ၏ Start Menu ထဲရှိ All Programs -> PostgreSQL 9.3 > pgAdmin III ထဲတွင်ရှာပါ။ panel ထဲရှိ Servers အောက်မှ ဘယ်ဘက်ခြမ်းတွင်ရှိသော PostgreSQL ပေါ်သို့ right-clickနှိပ်ပြီး “Connect”ကိုနှိပ်ပါ။ Software ကို install ပြုလုပ်ခဲ့စဉ်အချိန်က သင်ပြုလုပ်ခဲ့သည့်postgre ၏ user password ကိုရိုက်ထည့်ပါ။ Database ဖန်တီးရန်နှင့်၎င်းထဲရှိdata များအသုံးပြုနိုင်ရန် username နှင့် password ကိုမှတ်မိဖို့ရန်လိုအပ်ပါသည်။ Databases ပေါ်သို့ right click နှိပ်ပြီး New Databaseကိုရွေးပါ။ Database တစ်ခုအသစ်လုပ်မည်ဆိုလျှင် အမည်၊ ပိုင်ရှင်ကဲ့သို့အချက်အလက်အနည်းငယ် ထည့်သွင်းရန်လိုပါသည်။ Propoerties tab ထဲတွင် database အသစ်၏အမည်ကိုထည့်ပါ။ ဤဥပမာထဲမှာဆိုလျှင် ကျွန်ုပ်တို့ကတော့ ကျွန်ုပ်တို့၏ database အသစ်ကို gisdb ဟုအမည်ပေးလိုက်ပါသည်။ နောက်ပြီး ကျွန်ုပ်တို့ database၏ပိုင်ရှင်အမည်ကိုလည်းပဲပေးထားသင့်ပါသည်။ ယခုလောလောဆယ်တွင်အသုံးပြုသူတစ်ယောက်တည်းသာဖြစ်သောကြောင့် ကျွန်ုပ်တို့၏ database ကို ပိုင်ရှင်အမည်ထည့်ကြရအောင်။ (မှတ်ချက်။ ။လုံခြုံရေးအတွက်ဆိုလျှင် superuser permission မပါဘဲပိုင်ရှင်အမည်ထည့်ထားတာဟာကောင်းပါတယ်။သို့သော် ယခုလောလောဆယ်မှာတော့ အဲဒီကိစ္စနှင့်ပါတ်သက်ပြီးဘာမှစိတ်မပူပါနှင့်။) Database တစ်ခုဆောက်လုပ်ရန်အတွက်OK ကိုနှိပ်ပါ။ ယခုအခါ “Databases” အောက်တွင် သင့်၏ database စာရင်းကိုတွေ့ရမည်ဖြစ်ပါသည်။ Database ကို PostGIS extensions တွေလုပ်ချိတ်ဆက်ဖို့command တစ်ခု run ပေးရမည်ဖြစ်သည်။ PgAdmain III ရဲ့ထိပ်ဆုံးရှိ ကိုနှိပ်ပါ။ Query window ထဲတွင် CREATE EXTENSION postgis; ဟုစာရိုက်ထည့်ပါ။ ထို့နောက်”Execute query” ကိုနှိပ်ပါ။ နမူနာ Data များထည့်သွင်းခြင်း (ရွေးချယ်ခွင့်ရှိသော)ယခုအဆင့်ထိ ပြုလုပ်ရသည်မှာအဆင်ပြေပြီး QGIS နှင့်လည်းအခက်အခဲမရှိဘူးဆိုလျှင် ကျွန်ုပ်တို့၏new database ထဲသို့ data များထည့်သွင်းခြင်းကိုလုပ်ဆောင်လိုက်ပါ။ ထိုသို့လုပ်ဆောင်ရန်အတွက်ကျွန်ုပ်တို့သည် shapefile များကိုပုံစံပြောင်းပြီး database ထဲသို့ထည့်ပေးမည့်utility တစ်ခုကိုအသုံးပြုရမည်ဖြစ်သည်။ Panel ထဲရှိ ဘယ်ဘက်ခြမ်းထဲမှ သင်၏ new database ကိုရွေးချယ်ထားပြီးPlugins -> PostGIS Shapefile and DBF loader 2.1သို့သွားပါ။
ယခု datatbase ထဲမှ data များကို QGIS ထဲသို့ ထည့်ကြပါစို့။ သင့်ထံတွင် QGIS software မရှိဘူးဆိုရင် QGIS website တွင် download ပြုလုပ်၍ရယူနိုင်ပါသည်။
သင့်အနေဖြင့် Layer ထည့်သည့်အခါတွင် coordinate systemရွေးချယ်ပေးရန်လိုအပ်လိမ့်မည်ဖြစ်ပါသည်။ OpenStreetMap အသုံးပြုသည့် coordinate system ဖြစ်သော WGS 84 ကိုသင့်အနေဖြင့်ပိုပြီးရွေးချယ်ချင်လိမ့်မည်ဖြစ်သည်။
အကျဉ်းချုပ်ဖော်ပြချက်ယခုဆိုလျှင် ကျွန်ုပ်တို့ PostgreSQLနှင့် PostGIS များကိုမည်ကဲ့သို့ install ပြုလုပ်သည်၊ database ကိုမည်ကဲ့သို့ဖန်တီးသည်ဆိုသည်ကိုသိပြီးပြီဖြစ်၍ database ထဲသို့ OSM dataများကိုထည့်ရာ၌အသုံးပြုသည့် utilities တွေကိုစမ်းသပ်အသုံးပြုကြည့်၍ရပြီဖြစ်ပါသည်။ ၎င်းကိုနောက်လာမည့်အခန်း တွင်ကျွန်ုပ်တို့ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။
ဤအခန်းသည် သင့်အတွက်အထောက်အကူပြုပါသလား။
ကျွန်ုပ်တို့၏လမ်းညွှန်မှုများကိုတိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့အားအသိပေးခြင်းဖြင့်ကူညီပါ။
|