JOSM ဆော့လ်ဖ်ဝဲလ်သို့ ထပ်ပေါင်းဖြည့်စွက်နိုင်သည်များ (JOSM Plugins)

မြေပုံပြင်ဆင်တည်းဖြတ်မှု နည်းစနစ်များ တိုးတက်လာသည်နှင့်အမျှ သင့်စွမ်းဆောင်ရည် တိုးတက်ရန်အတွက် အပိုထပ်ဆောင်း အသုံးပြုနိုင်သောအရာများကို JOSM ဆော့လ်ဖ်ဝဲလ်တွင် ထည့်သွင်းထားနိုင်သည်။

အသုံးဝင်သော အပိုဖြည့်စွက်ချက်များနှင့် ယင်းတို့ကို JOSM ဆော့လ်ဖ်ဝဲလ်အတွင်း ထည့်သွင်းခြင်းအကြောင်းကို ယခုအခန်းတွင် လေ့လာကြမည်ဖြစ်သည်။

ဖြည့်စွက်မှုများကို ထည့်သွင်းခြင်း (Installing Plugins)

ဖြည့်စွက်မှုအသစ်များ (Plugins) ကိုထည့်ပေါင်းလိုပါက menu ဘားတန်းရှိ Edit မှ Preferences ကိုရွေးချယ်ပြီး Plugins ကိုနှိပ်ပါ။

Plugins

  • ရယူသုံးစွဲနိုင်သော ဖြည့်စွက်မှုများကို မတွေ့မြင်ပါက Download List ကိုနှိပ်ပါ။
  • ဖြည့်စွက်မှုများထည့်သွင်းရန်အတွက် ဘေးဘက်တွင်ဖော်ပြထားသော လေးထောင့်ကွက်ငယ်တွင် ရွေးချယ်မှုပေးပြီး အောက်ခြေရှိ OK ခလုတ်ကိုနှိပ်ရန်သာဖြစ်သည်။
  • နောက်ဆုံးအဆင့်အနေဖြင့် ဖြည့်စွက်မှုများ(Plugins) ထည့်သွင်းပြီးပါက JOSM ဆော့လ်ဖ်ဝဲလ် ဗားရှင်းအမျိုးအစားပေါ်မူတည်လျက် ဆော့လ်ဖ်ဝဲလ်ကို အဖွင့်အပိတ်တစ်ကြိမ်ပြုလုပ်ပေးရန် လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။

ကျွန်ုပ်တို့နှစ်သက်သော ဖြည့်စွက်မှု (Plugins) အချို့မှာအောက်ပါအတိုင်းဖြစ်သည်။

  1. buildings_tools: If you draw a lot of buildings, this will make the process faster and easier

၂။ DirectUpload ။ ။ GPS လမ်းကြောင်းများ စုစည်းဖော်ပြမှုကို OpenStreetMap ဒေတာအချက်အလက်သိုမှီးမှုသို့ သိမ်းဆည်းရာတွင်လွယ်ကူစေသည်။

၃။ editgpx ။ ။ GPS နည်းပညာအသုံးပြုထားသော နေရာပြစနစ်ဖြစ်သည့် Garmin စက်ပစ္စည်းများမှတစ်ဆင့် GPS လမ်းကြောင်းများကို ဝင်ရောက်သိမ်းဆည်းနိုင်ရန်အတွက် editgpx ထည့်သွင်းရန်လိုအပ်သည်။ အကြောင်းမှာ Garmin ပစ္စည်းများမှ GPS လမ်းကြောင်းများကိုOpenStreetMap မှလက်ခံမှုမရှိခြင်းကြောင့်ဖြစ်သည်။

၄။ fieldpapers ။ ။ ကွန်ပျူတာအတွင်း သိမ်းဆည်းထားပြီးသော ကွင်းဆင်းမြေပုံများ( scanned Field Papers) ကို JOSM ဆော့ဖ်ဝဲလ်အတွင်း ထည့်သွင်းရန်အသုံးပြုသည်။

၅။ imagery_offset_db ။ ။ OpenStreetMap မှအဓိကအသုံးပြုသော Bing ဂြိုဟ်တုပုံရိပ်တွင် တစုံတရာအမှားအယွင်းရှိနေကြောင်းသိရှိထားသော မြေပုံဆွဲသူတစ်ဦးဦးနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရန်အတွက်အသုံးပြုသည်။ နောက်လာမည့်သင်ခန်းစာတစ်ခုတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိရမည်ဖြစ်သည်။

  1. print: Adds a Print function, in case you would like to make quick printouts of an area, that don’t need to look very good.

  2. utilsplugin2: Adds many additional tools and menus to JOSM for advanced users. This is covered in more detail in the next chapter