- Other guides
- စတင်အသုံးပြုသူအတွက် လမ်းညွှန်
- JOSM - အသေးစိတ် ပြင်ဆင်တည်းဖြတ်ခြင်း
- JOSM ဆော့ဖ်ဝဲလ်ကိုစတင်လေ့လာခြင်း
- JOSM ဆော့ဖ်ဝဲလ်တွင်မြေပုံတည်းဖြတ်မှုပြုခြင်း
- မြေပြင်အချက်အလက်များတွင် ပြင်ဆင်တည်းဖြတ်ခြင်း
- JOSM Editing Tools
- JOSM ဆော့လ်ဖ်ဝဲလ်သို့ ထပ်ပေါင်းဖြည့်စွက်နိုင်သည်များ (JOSM Plugins)
- JOSM ဆော့လ်ဖ်ဝဲလ်မှ Building Tools နှင့် Utilsplugin2 plugins တို့ကိုလေ့လာခြင်း
- JOSM ဆော့လ်ဖ်ဝဲလ်တွင်ပါဝင်သော ကြိုတင်သတ်မှတ်ချက်များ
- JOSM - သီးသန့်ပြင်ဆင်ထားသော Presets များကိုဖန်တီးခြင်း
- JOSM စုဖွဲ့ဖော်ပြခြင်း(Relations)
- ကောင်းကင်ဓါတ်ပုံ (Aerial Imagery)
- JOSM တွင်tms, wms သို့မဟုတ် wmts ဂြိုဟ်တုဓါတ်ပုံများထည့်သွင်းခြင်း
- ဂြိုဟ်တုဓါတ်ပုံကို မှန်ကန်အောင်ချိန်ညှိခြင်း
- JOSM ပုံရိပ်ပြတ်သားမှုဆိုင်ရာကွဲလွဲချက်
- အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
- လက်ကိုင်ဖုန်း (သို့) GPS (သို့) စာရွက်ဖြင့် မြေပုံဆွဲခြင်း
- OSM ၏အချက်အလက်များ
- HOT အကြောင်းသိကောင်းစရာများ − မြေပုံရေးဆွဲသူအသစ်များအတွက် iD editor အသုံးပြုမှုစတင်ခြင်း
|
JOSM -ဂြိုဟ်တုကောင်းကင်ဓါတ်ပုံများထည့်သွင်းခြင်း
JOSM ဆော့ဖ်ဝဲလ်ရှိဓါတ်ပုံ menu တွင်ကောင်းကင်ဓါတ်ပုံများအားလုံး ပါရှိမည်မဟုတ်ပေ။ သို့သော် သက်ဆိုင်ရာအင်တာနက်ဆက်ကြောင်း ကိုရိုက်ထည့်ပြီး ကောင်းကင်ဓါတ်ပုံများကို အလွယ်တကူပေါင်းထည့်နိုင်သည်။ ယခုဥပမာတွင် HOT Tasking Manager ကိုအသုံးပြု၍ ကောင်းကင်ဓါတ်ပုံများထည့်သွင်းခြင်းကို လေ့လာမည်ဖြစ်သည်။ မိမိအသုံးပြုမည့်ဓါတ်ပုံများကို JOSM ဆော့ဖ်ဝဲလ်အတွင်းသို့ ကိုယ်တိုင်ထည့်သွင်းပေးရန်လိုအပ်သည်။ ဓါတ်ပုံများကိုအင်တာနက်မှ တိုက်ရိုက်ချိတ်ဆက်အသုံးပြုသည့် နည်းလမ်းတွင်လည်း ထည့်သွင်းပုံအတူတူပင်ဖြစ်သည်။ သို့သော်အင်တာနက်ချိတ်ဆက်မှု အဆင်မပြေသည့်ဖြစ်ရပ်များတွင် အသုံးပြုသူကိုယ်တိုင်ဓါတ်ပုံထည့်သွင်းပေးရသည်လည်းရှိတတ်၏။ အောက်ပုံတွင်ဖော်ပြထားသည့်အတိုင်း Tasking Manager ၏ Imagery အပိုင်းတွင်ပြထားသော အချက်အလက်များကိုကူးယူပါ။ JOSM ဆော့ဖ်ဝဲလ်ရှိ Preferences menu သို့သွားပါ။ (Windows စနစ်သုံးကွန်ပျူတာများတွင် Edit / Preferences ဖြစ်ပြီး Apple ကွန်ပျူတာများတွင် JOSM / Preferences ဖြစ်သည်။) ထို့နောက် ဟုမြင်တွေ့ရသော ရုပ်ပုံပေါ်တွင်နှိပ်ပါ။ ညာဘက်ဘေးတွင်ဖော်ပြထားသော icon ကိုအသုံးပြုလျက် ဓါတ်ပုံထည့်သွင်းခြင်းကို ရှင်းလင်းဖော်ပြပါမည်။
အကွက် ၁ ။ ။ Tasking Manager မှကူးယူလာသော အချက်အလက်ကိုထည့်သွင်းပါ။ မှန်ကန်မှုရှိ၊မရှိကို JOSM ဆော့ဖ်ဝဲလ်မှစစ်ဆေးပြီး အကွက် ၃ နေရာတွင်ထပ်မံဖော်ပြမည်ဖြစ်သည်။(အောက်ပုံတွင်ရှု)။ သို့မဟုတ်ပါက အချက်အလက် ကူးယူထည့်သွင်းရာတွင် စာလုံးကျန်ရစ်မှု၊ နေရာလွတ်ဖြစ်ပေါ်မှု စသည့် မတော်တဆဖြစ်တတ်သည်များ ရှိ၊မရှိ စစ်ဆေးပါ။ အင်တာနက်ဆက်ကြောင်းအဖြစ်ဖော်ပြထားသော အချက်အလက်ကို အပိုအလိုမရှိကူးယူထည့်သွင်းရမည်ဖြစ်သည်။ ဟုပြသထားသောခလုတ်ကိုနှိပ်ပါ။ ဖော်ပြထားသောစာရင်းတွင် မိမိထည့်သွင်းလိုက်သောဓါတ်ပုံအချက်အလက်ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ Preferences menu မှထွက်ရန် ကိုနှိပ်ပါ။ JOSM ဆော့ဖ်ဝဲလ်မျက်နှာပြင်သို့ရောက်ရှိသွားမည်။ ဓါတ်ပုံအသုံးပြုမှုအတွက်ဖွင့်လှစ်လိုပါက အပေါ်ဘက် menu ဘားတန်းရှိImagery ကိုနှိပ်၍ ဖော်ပြထားသောစာရင်းအတိုင်း ဓါတ်ပုံကိုရွေးထုတ်နိုင်သည်။ ကီးဘုတ်အမြန်လက်ကွက်အဖြစ် Alt + I ကိုအသုံးပြု၍လည်း Imagery ကိုဖွင့်လှစ်နိုင်သည်။(ဆော့ဖ်ဝဲလ်၏ အသုံးပြုဘာသာစကားအပေါ်မူတည်လျက်အပြောင်းအလဲရှိနိုင်သည်။) လမ်းညွှန်ချက် ။ ။ ဓါတ်ပုံဖော်ပြရန်အခက်အခဲဖြစ်ပေါ် ပါက Preferences ရှိ စာရင်းတွင်သွားရောက် စစ်ဆေးပါ။ အောက်ပါဥပမာပုံတွင် tms နှစ်ကြိမ် ဖော်ပြနေသည်ကိုတွေ့မြင်နိုင်သည်။ တစ်ကြိမ်သာ ဖော်ပြရန် ပြန်လည်ပြင်ဆင်လျက် အမှားပြင်နိုင်ပါသည်။ WMS ဆာဗာထည့်သွင်းခြင်းWMS ဆာဗာထည့်သွင်းခြင်းသည် TMS ဆာဗာ ထည့်သွင်းခြင်းကဲ့သို့အတူတူပင်ဖြစ်ပြီး အရေးကြီးသောခြားနားချက်တစ်ခုသာပါဝင်သည်။ WMS တွင်ဓါတ်ပုံအလွှာ တစ်ခုထက်မကပါဝင်နိုင်ပြီး အနည်းဆုံးအလွှာတစ်ခုကိုရွေးချယ်ပေးရမည်။ ရွေးချယ်မှုကို WMS ဆာဗာထည့်သွင်းစဉ်ဖြစ်စေ JOSM ဆော့ဖ်ဝဲလ်ရှိ Imagery menu မှတစ်ဆင့်ဖြစ်စေပြုလုပ်ရန်သတ်မှတ်ပေးနိုင်သည်။ WMS ဆာဗာထည့်သွင်းရန်အတွက် JOSM ဆော့ဖ်ဝဲလ်မှ Preferences ကိုဖွင့်ပါ။ ယခုအကြိမ် တွင် “Add WMS” ဟုဖော်ပြထားသော ခလုတ်ကိုနှိပ်ပါမည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း dialog box တစ်ခုပွင့်လာမည်ဖြစ်သည်။ အကွက် ၁ ။ ။ http သို့မဟုတ် https ဖြင့်စသော WMS ဆာဗာဆက်ကြောင်းတစ်ခုကိုထည့်သွင်းပါ။
ဆာဗာရွေးချယ်မှုပြုလုပ်ချိန်တိုင်းတွင် အလွှာရွှေးချယ်ခွင့်ရရှိလိုပါက “Store WMS endpoint only” တွင် အမှတ်အသားပြုပေးရမည်ဖြစ်သည်။(အောက်ပုံတွင်ရှု)။ ယင်းသတ်မှတ်မှုတွင် အလွှာရွေးချယ်ခြင်းနှင့် အင်တာနက်ဆက်ကြောင်း စစ်ဆေးမှုတို့ကိုပြုလုပ်၍မရနိုင်ပေ။ ဟုပြသထားသောခလုတ်ကိုနှိပ်ပါ။ ဖော်ပြထားသောစာရင်းတွင် မိမိထည့်သွင်းလိုက်သောဓါတ်ပုံအချက်အလက်ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ Preferences menu မှထွက်ရန် ကိုနှိပ်ပါ။ JOSM ဆော့ဖ်ဝဲလ်မျက်နှာပြင်သို့ရောက်ရှိသွားမည်။ ဓါတ်ပုံအသုံးပြုမှုအတွက်ဖွင့်လှစ်လိုပါက အပေါ်ဘက် menu ဘားတန်းရှိImagery ကိုနှိပ်၍ ဖော်ပြထားသောစာရင်းအတိုင်း ဓါတ်ပုံကိုရွေးထုတ်နိုင်သည်။ ကီးဘုတ်အမြန်လက်ကွက်အဖြစ် Alt + I ကိုအသုံးပြု၍လည်း Imagery ကိုဖွင့်လှစ်နိုင်သည်။(ဆော့ဖ်ဝဲလ်၏ အသုံးပြုဘာသာစကားအပေါ်မူတည်လျက်အပြောင်းအလဲရှိနိုင်သည်။)
ဤအခန်းသည် သင့်အတွက်အထောက်အကူပြုပါသလား။
ကျွန်ုပ်တို့၏လမ်းညွှန်မှုများကိုတိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့အားအသိပေးခြင်းဖြင့်ကူညီပါ။
|