လုံးဝန်းသောပုံစံရှိသည့်အဆောက်အဦးများလိုက်ထပ်ရေးဆွဲခြင်း - iD editor

Updated 2019-06-24

အခြေခံလိုအပ်ချက်များ

Round Buildings

မှတ်သားရန်အချက်များ -

  • Place your points where the walls will reach the ground - 3 points is the minimum. Double click on the last point to finish tracing an area. Use the tool to make it round - shortcut o in English.
  • သင် tag လုပ်ထားသည်ကိုသေချာပါစေ!
  • အရွယ်အစားကိစ္စရပ်များ - လူဦးရေခန့်မှန်းခြင်းများသည် ဧရိယာတစ်ခုအတွင်းရှိ တဖြည်းဖြည်း တိုးပွားလာသောအဆောက်အဦးဧရိယာအပေါ်တွင် မူတည်ပါသည်။
  • အသေးစိတ်များမြင်ရန်အတွက်မြင်ကွင်းချဲ့မှု - မြင်ကွင်းစကေးတစ်ခုသည် များသောအားဖြင့် ၂၀ မီတာ သို့မဟုတ် ထို့ထက်ပိုနည်းလျှင် မှန်ကန်ပါသည်။
  • အဆောက်အဦးများအားရှာဖွေခြင်း - သင့် စကေးဖြင့် နေရာတစ်နေရာကို ၅၀ မီတာနှင့် ၈၀ မီတာကြားတွင် scan လုပ်ပါ။အရိပ်များနှင့် မျဉ်းဖြောင့်များကို သတိထားပါ။ ( လုံးဝန်းသော အဆောက်အဦးများသည် ရှာဖွေရန်ပိုမိုခက်ခဲပါသည်။)
  • အဆောက်အဦးများနှင့်လမ်းများ၊ မြစ်များ၊ မြေအသုံးချမှု= လူနေအိမ်နယ်နမိတ်များ(landuse=residential) သို့မဟုတ် အခြားသောအင်္ဂါရပ်များသည် တစ်ခုနှင့်တစ်ခုထပ်လျက် အနေအထားမရှိသင့်ပါ။
  • အကယ်၍သင့်အနေဖြင့် အမှားတစ်ခုကိုပြုလုပ်မိလျှင် သင်၏နောက်ဆုံးအခွင့်အရေး(များ)အနေဖြင့် ပြန်ပြင်ရန်အတွက် Undo back arrow ခလုတ်ကိုအသုံးပြုပါ။
  • ကျွန်ုပ်တို့အားလုံးသည် မြေပုံကိုတိုးတက်အောင်ပြုလုပ်နေကြပါသည်။ အကယ်၍ အရင်က ရေးဆွဲခဲ့သော မြေပုံဆွဲသူသည် အဆောက်အဦးများအား ရယ်စရာပုံသဏ္ဌာန်တစ်ခု သို့မဟုတ် တစ်နည်းနည်းဖြင့်မှားယွင်းရေးဆွဲထားခဲ့လျှင် အမှန်ပြင်လိုက်ပါ။ပြီးလျှင် ၎င်းတို့ကိုအသိပေးရန်အတွက် ယဉ်ကျေးသောသတင်းစကားတစ်ခုပေးပို့ရန်စဉ်းစားပါ။

Building - converting square to round

Square to round

If a building has been traced as rectangular, but you can see it should be round it is easy to convert to a round building;

  • move each of the corners so they are now on the perimeter of the round building,
  • right click and use the circularise tool, or shortcut o - may be a different character in other languages.

အမျိုးအစားခွဲခြားသတ်မှတ်ခြင်း

လုံးဝန်းသောအဆောက်အဦးများကို ခြံဝင်းတစ်ခုအတွင်းတွင်တွေ့ရလေ့ရှိပြီး ၎င်းအဆောက်အဦးများ သည် တစ်စုတစ်ဝေးတည်း သို့မဟုတ် တစ်ခုချင်းစီသီးခြားရှိနိုင်ပါသည်။ ကျောက်တုံးကျောက်ဆောင် သို့မဟုတ် ခြုံပုတ်တစ်ခု သို့မဟုတ် လုံးဝန်းသောအဆောက်အဦးတစ်ခု ကိုကြည့်ရှုပြီးလျှင် သင့်အနေ ဖြင့်ခွဲခြားဖော်ပြရန်ခက်ခဲနိုင်ပါသည်။ အဆောက်အဦးများကို သွားလာရခက်ခဲကြမ်းတမ်းသော မြေနေရာ များတွင်တွေ့မြင့်နိုင်ရန်ခက်ခဲနိုင်သော်လည်း လမ်း သို့မဟုတ် လူသွားလမ်းကဲ့သို့ သွားလာရလွယ်ကူသော နေရာအချို့၏အနီးတွင်အမြဲလိုလိုတွေ့ရလေ့ရှိပါသည်။ လူများသွားလာသည့် လမ်းပေါက်များကြောင့်လည်း သစ်ပင်သစ်ရွက်များ ပွန်းပဲ့ကျိုးကျေ နေခြင်း ဖြစ်နိုင်ပါသည်။ ကမ္ဘာကြီး၏အချို့သောနေရာများတွင် အဆောက်အဦးများသည် ခြောက်သွေ့သော ကုန်းမြေပေါ်တွင်သာ ရှိနေပြီး တစ်နေရာနှင့်တစ်နေရာသွားလာရာတွင် မြစ် သို့မဟုတ် ရေကန်အတွင်း လှေဖြင့် သွားလာကြသည်။ မည်သည့်နေရာဒေသတွင်မဆို ရေအရင်းအမြစ်တစ်ခုသည် ၂ သို့မဟုတ် ၃ ကီလိုမီတာအတွင်း ပုံမှန်အားဖြင့်ရှိသော်လည်း ကမ္ဘာကြီး၏နေရာများစွာတွင် သင့်အနေဖြင့် ရေကိုမြင်တွေ့ရလိမ့်မည်မဟုတ်ပါ။ သို့သော် ရေအရင်းအမြစ်ရှိမှုကို ညွှန်ပြနေသောသစ်ပင်သစ်တောများ ကိုမူ သင်မြင်ရမည်ဖြစ်သည်။

ကမ္ဘာကြီး၏နေရာများစွာတွင် ရွာအဟောင်းနေရာမှအနည်းငယ်ကွာဝေးသောနေရာတွင် ရွာအသစ်တစ်ခုတည်ဆောက်ရန်မှာပိုမိုလွယ်ကူပါသည်။ ၎င်းရွာဟောင်းနေရာတွင် အဆောက်အဦးအဟောင်းများကို ပျက်စီးပြီး ပြိုကျသည်အထိထားခဲ့ကြပါသည်။ တခါတရံတွင် ၎င်းတို့သည်မီးလောင်ခံထားရပါသည်။ သင် ကြည့်နေသော အရာဝတ္တုသည် မည်သည့်အရာဝတ္တု ဖြစ်သည်ကိုဆုံးဖြတ်ရာတွင်အကူအညီရရန်အရာဝတ္တု၏အရိပ်များကို ရှာဖွေပါ။ အရိပ်မရှိပဲ မြေပြင်ပေါ်တွင် လုံးဝန်းသောအမှတ်တစ်ခုသာ ကျန် ရှိနေသည့် အရာဝတ္တုများအားလုံး ရှိပါလိမ့်မည်။အကယ်၍ရေးဆွဲရာတွင် သံသယဖြစ်နေလျှင် ၎င်းကို အဆောက်အဦးအဖြစ် ထည့်သွင်းလိုက်ပါ။

bush-and-round-building
ဤဓါတ်ပုံသည် ခြုံပုတ်တစ်ခုနှင့်လုံးဝန်းသောပုံစံရှိသည့်အဆောက်အဦးတစ်ခုကို ပြထားသောပုံ ဖြစ်ပါသည်။ အရိပ်များသည်လုံးဝန်းသောအဆောက်အဦးနှင့်ခြုံပုတ်တစ်ခုကိုကြည့်ပြီး အမျိုးအစား ခွဲခြားရာတွင် သင့်အားကူညီနိုင်ပါသည်။ ပူပြင်းသောရာသီဥတုရှိသည့်နေရာဒေသများတွင် ပုံမှန်အားဖြင့် အဆောက်အဦးများကို ၎င်းတို့အားအကာအကွယ်နှင့် အရိပ်အာဝါသပေးနိုင်သော သစ်ပင်များ သို့မဟုတ် ခြုံပုတ်များနှင့်ကပ်လျက်တွင်ရှာတွေ့နိုင်ပါသည်။ဤသီးသန့်ဖြစ်သောလုပ်ငန်းတာဝန်၏ညွှန်ကြားချက်များ တွင် တစ်စုံတစ်ယောက်မှ ဧရိယာတစ်ခုအတွင်းရှိ အဆောက်အဦးများအား ဓါတ်ပုံရိုက်ယူထားခြင်းနှင့် ထိုအဆောက်အဦးများအကြောင်းဖော်ပြပေးထားခြင်းတို့ကိုမှတ်တမ်းရေးသွင်းထားမှုတစ်ခု ပြုလုပ်ထား ပြီး၎င်းနှင့်ချိတ်ဆက်ထားမှု တစ်ခုပါဝင်ပါသည်။ ဤအကြောင်းကိုဖတ်ရန်အတွက် အချိန်ယူပေးပါ။ လုံးဝန်းသောအဆောက်အဦးများ သည် ကမ္ဘာကြီး၏ အခြားသောနေရာဒေသများမှ ဆောက်လုပ်ရေးပစ္စည်းများနှင့် အနည်းငယ်ကွာခြားမှု ရှိနိုင်ပြီး ၎င်းတို့၏ ခေါင်မိုးများသည်လည်းကွဲပြားခြားနားနေပါလိမ့်မည်။ ဤပရောဂျက်၏ ညွှန်ကြားချက် များတွင် သင်မြင်နေရသည့်အရာဝတ္တုကို သင်နားလည်နိုင်စေရန်အတွက်ကူညီရန် လမ်းညွှန်မှုများ မကြာခဏပါဝင်လိမ့်မည်ဖြစ်ပါသည်။

တစ်ခါတစ်ရံ သင်ရေးဆွဲမည့်အရာဝတ္တုအစစ်အမှန်ကို အတိအကျမြင်ရန်သင်ကိုယ်တိုင် ထိုနေရာသို့ သွားရခြင်းနှင့် ကျွမ်းကျင်သူများသဘောမတူလျှင်တောင်မှ သင့်အနေဖြင့် အကောင်းဆုံးဖြစ်အောင် ရေးဆွဲလိုက်ပါ။ အကယ်၍ရေးဆွဲရာတွင် သံသယဖြစ်နေလျှင် ၎င်းကိုအဆောက်အဦးအဖြစ်ထည့်သွင်း လိုက်ပါ။

အဆောက်အဦးအတွက် Tags များ

ကျွန်ုပ်တို့အနေဖြင့် မည်သည့်အခါကမျှမရောက်ခဲ့ဖူးသောအဆောက်အဦးများနှင့် အကျွမ်းတဝင်မရှိသော အဆောက်အဦးများကို tag ပြုလုပ်သောအခါ အလုံခြုံဆုံးနှင့် အကြံပြုလိုသော tag ပြုလုပ်သည့် အစီအစဉ်မှာ building=yes ပင်ဖြစ်သည်။ ၎င်းသည် tag ပြုလုပ်ထားသော pane ၏ အောက်ခြေမှ scroll ပြုလုပ်ပြီး tags အားလုံး(All tags) ကို click နှိပ်လိုက်လျှင် သင့်အနေဖြင့် မှန်ကန်စွာ tag ပြုလုပ်ထားသောအဆောက်အဦးကိုမြင်တွေ့နိုင်ပါသည်။

အောက်ပါများကိုလည်းကြည့်ရှုပါ။

Hadjer Lamis အတွက် Ivan Gayton’s မှတ်တမ်းရေးသွင်းမှု။ Chad - ကမ္ဘာ့အခြားသောအပိုင်းများ၏ ကိုက်ညီသောဖော်ပြမှုများကို ညွှန်ပြသော အခြားရေးဆွဲသူများ၏ ထင်မြင်ယူဆချက်များ

building-video