If the user interface of the version you use looks different from the one described here then you should consult our version overview

OSM Tasking Manager 2 Project Admin

The OpenStreetMap Tasking Manager 2 is essential to conducting a mapathon, managing a HOT activation, or creating mapping tasks for student mappers. The Tasking Manager divides the work into manageable geographic chunks, which reduces editing conflicts, especially with large numbers of distributed mappers. The Tasking Manager also helps mapping accuracy and data quality by providing a consistent set of instructions for your mappers (e.g. ‘map all roads and buildings’). In short, the Tasking Manager is how you set up and direct the workflow for open mapping activities. This module describes the basic administration of the OSM Tasking Manager for successful mapping events.

ဤလမ်းညွှန်ချက်သည် ‘mapathons’ ကဲ့သို့သော အများနှင့်သက်ဆိုင်သည့် မြေပုံရေးဆွဲမှုဖြစ်စဉ်များအတွက် မြေပုံရေးဆွဲရေးစီမံကိန်းများကို ဖန်တီးခြင်းနှင့်မွမ်းမံပြင်ဆင်ခြင်းများအပါအဝင် OSM Tasking Manager ၏ စီမံအုပ်ချုပ်မှုအပေါ် ညွှန်ကြားချက်များလိုအပ်သည့်ပုဂ္ဂိုလ်များအတွက် အထူးသဖြင့်ရေးဆွဲထားခြင်းဖြစ်သည်။ ဤလမ်း ညွှန်ချက်သည် HOT Tasking Manager http://tasks.hotosm.org/ နှင့် TeachOSM Tasking Manager http://tasks.teachosm.org/ တို့အပါအဝင် OSM Tasking Manager ၏ ဖြစ်စဉ်များအားလုံးနှင့် သက်ဆိုင်ပါသည်။ OSM Tasking Manager ၏ အခြားသောဖြစ်စဉ် များစာရင်းတစ်ခုကို [OpenStreetMap wiki]](http://wiki.openstreetmap.org/wiki/OSM_Tasking_Manager#Operational_installations_of_the_Tasking_Manager) တွင်တွေ့ရှိနိုင်ပါသည်။

HOT သို့မဟုတ် OSM Tasking Manager ကို Tasking Manager version 2 အတွက်အတိုကောက်အားဖြင့် TM2 အဖြစ် ရည်ညွှန်းလေ့ရှိပါသည်။

LOGGING IN နှင့် ဝင်ရောက်အသုံးပြုနိုင်ခြင်းအဆင့်များ

ရှေးဦးစွာနားလည်ရမည့်အရာမှာ ဝင်ရောက်အသုံးပြုနိုင်သည့်အဆင့်ဖြစ်သည်။ TM2 သို့ဝင်ရောက်မှုအားလုံးကို https://www.openstreetmap.org မှတစ်ဆင့် တရားဝင်ခွင့်ပြုထား ပါသည်။ TM2 သို့ ဝင်ရောက်အသုံးပြုနိုင်ရန် သင်သည် OSM သို့မဟုတ် OpenStreetMap အကောင့်တစ်ခုလိုအပ်ပါသည်။ သင်သည် ဤအကောင့်ကိုရသည်နှင့် http://tasks.hotosm.org/သို့သွားရောက်၍ OpenStreetMap ထဲသို့ Login လုပ်၍ဝင်ပါ။ ယင်းသည် သင်၏ OSM အကောင့်ထဲသို့ ဝင်ရောက်မှုကို Tasking Manager အား သင်ကတရားဝင်ခွင့်ပြုပေးနိုင်သော OSM စာမျက်နှာသို့ သင့်ကိုပြန်လည်ရည်ညွှန်းပေးမည်ဖြစ်သည်။

Access Levels within the OSM Tasking Manager 2

The OSM Tasking Manager 2 has three user access levels:

  • အသုံးပြုသူ - အဆင့်သည် အခြေခံအကျဆုံးသောအဆင့်ဖြစ်သည်။ အသုံးပြုသူသည် TM2 အတွင်းသို့ Login ပြုလုပ်နိုင်ပြီး၊ မြေပုံရေးဆွဲရေးစီမံကိန်းတစ်ခုကို ရှာဖွေရွေးချယ်ကာ အလုပ်လုပ်နိုင်သော ပရိုဂရမ်၏လုပ်ငန်းဆောင်တာများကို အသုံးပြုနိုင်ပါသည်။ ဤအဆင့်၏အသုံးပြုပုံကို LearnOSM အတွင်းရှိ OSM Tasking Manager လမ်းညွှန် တွင် အပြည့်အစုံဖော်ပြထားပါသည်။
  • စီမံကိန်းမန်နေဂျာ - စီမံကိန်းမန်နေဂျာများသည် TM2 အတွင်းရှိ စီမံကိန်းများကို ဖန်တီးခြင်းနှင့် နောက်ဆုံးအခြေအနေပြင်ဆင်မွမ်းမံခြင်းများအတွက် ဝင်ရောက်အသုံးပြုနိုင်ပါသည်။
  • စီမံအုပ်ချုပ်သူ - စီမံအုပ်ချုပ်သူ (Administrators) များသည် TM2 အတွင်းရှိ အသုံးပြုသူများ၏အဆင့်များကို စီမံခန့်ခွဲနိုင်ရန်ခွင့်ပြုပေးနိုင်သော ဝင်ရောက်အသုံးပြုနိုင်သည့်အဆင့်များရှိပါသည်။ သင်သည် TM2 ကိုအသုံးပြု၍ စီမံကိန်းအသစ်များကိုဖန်တီးရန် စီမံကိန်းမန်နေဂျာအဆင့် အသုံးပြုသူဝင်ရောက်နိုင်မှုအဆင့်ရရှိရန် လိုအပ်မည်ဖြစ်သည်။

TM2 အတွင်း စီမံကိန်းအသစ်တစ်ခုကို စတင်ဆောင်ရွက်ခြင်း

TM New

စာမျက်နှာထိပ်ပိုင်းလက်ယာဖက်ထောင့်ရှိ သင်၏အသုံးပြုသူအမည် (username) ကိုကလစ်နှိပ်၍ စီမံကိန်းအသစ်တစ်ခုကို ဖန်တီးပါ။ ထို့နောက်သင်သည် မြေပုံပေါ်ရှိ သင်၏သက်ဆိုင်ရာနယ်မြေဧရိယာကို မြေပုံရေးဆွဲခြင်း၊ သို့မဟုတ် ဖိုင်တစ်ခုမှ bounding box တစ်ခုကို ရယူခြင်းတို့အကြား ရွေးချယ်နိုင်ပါသည်။

TM Draw or Import

Importing a file with a defined area is always preferable to hand drawing a Tasking Manager project. Tools like JOSM, QGIS, etc can be used to create files for importing into the Tasking Manager.

မြေပုံရေးဆွဲရမည့် သက်ဆိုင်ရာနယ်မြေဧရိယာတစ်ခုကိုရေးဆွဲခြင်း

TM Draw

၁။ စာမျက်နှာအထက်ပိုင်း လက်ယာဖက်ထောင့်ရှိ ‘Draw’ ကို ကလစ် နှိပ်ပါ။ ၂။ မြေပုံဘောင်ထဲ၌ သက်ဆိုင်ရာနယ်မြေဧရိယာကို ကိုယ်စားပြုလျက်ရှိသော (polygon) ဗဟုဂံတစ်ခုကိုရေးဆွဲရန် mouse ၏ လက်ယာဖက်ခလုပ်ကိုဖိထား၍ ကလစ်မနှိပ်ပဲမြေပုံကိုရွှေ့ပါ၊ ယင်းသို့ပြုလုပ်ခြင်းဖြင့် node တစ်ခုဖြည့်စွက်ပေးမည်ဖြစ်သည်။ ဗဟုဂံသည် သက်ဆိုင်ရာ နယ်မြေဧရိယာကိုပီပြင်စွာ ဘောင်ခတ်ထားသင့်ပါသည်။ ဤသို့ပြုခြင်းဖြင့် (သမုဒ္ဒရာ၊ သစ်တောစသည်တို့ကဲ့သို့သော) စိတ်ဝင်စားခြင်းမရှိသည့် စတုရန်းကွက်များပြီးစီးအောင် ဆောင်ရွက်ခြင်းအတွက် အချိန်ကုန်သက်သာစေပါသည်။
၃။ ဗဟုဂံကိုပြီးစီးစေရန် သင်စတင်ခဲ့သည့်အမှတ်အပေါ်တွင် ကလစ် နှိပ်ပါ။

သို့မဟုတ်

သက်ဆိုင်ရာနယ်မြေဧရိယာမြေပုံရေးဆွဲရန် GeoJSON သို့မဟုတ် KML ဖိုင်တစ်ခုကို upload လုပ်ပါ

၁။ ‘Import’ ခလုပ်ကို ကလစ်နှိပ်ပါ။
၂။ File Upload window ထဲရှိ သင့်ဖိုင်ဆီသို့ browse လုပ်ပါ။v
၃။ ဖိုင်ကို highlight လုပ်ရန် ဖိုင်အမည်ကိုကလစ်နှိပ်ပြီး ‘Open’ ကို ကလစ်နှိပ်ပါ။

လုပ်ဆောင်ရမည့် စတုရန်းကွက်များ

Upload လုပ်ထားသည့် သို့မဟုတ် လက်ဖြင့်ရေးဆွဲထားသည့် ဖိုင်တစ်ခုက သတ်မှတ်ထားသော သက်ဆိုင်ရာနယ်မြေဧရိယာသည် မြေပုံဘောင်ထဲ၌ပေါ်လာမည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာနယ် မြေဧရိယာကို တစ်ဦးတစ်ယောက်ချင်းစီလုပ်ဆောင်ရမည့်လုပ်ငန်းများအဖြစ်သို့ မည်သို့မည်ပုံခွဲထုတ်ရမည်ဆိုခြင်းကို ရွေးချယ်ပေးရန်သင့်အားမေးမြန်းမည်ဖြစ်သည်။ ရွေးချယ်စရာနှစ်ခုရှိပါသည်။

၁။ စတုရန်းကွက်ဂရစ် - Tasking Manager သည် စီမံကိန်းဧရိယာတစ်ခုလုံးကို လုပ်ဆောင်ရမည့်အရွယ်အစားတူစတုရန်းကွက်များအဖြစ်သို့ အတိအကျ တသတ်မှတ်တည်းခွဲထုတ်ပေးမည်ဖြစ်သည်။ ဤသည်မှာ ယေဘုယျအားဖြင့် အများနှင့်မြေပုံရေးဆွဲသည့်စီမံကိန်းများအတွက် အလွန်ကောင်းမွန်သည့်စိတ်ကူးတစ်ခုဖြစ်လေ့ရှိပါသည်။ ၂။ ကြုံကြိုက်ရာ ဂျီသြမေတြီ - အကယ်၍သင်သည် သင်၏စီမံကိန်း ဧရိယာကိုသတ်မှတ်ရန် ဖိုင်တစ်ခုကို upload တင်ခဲ့ပါက ထိုဖိုင်သည် တစ်ဦးတစ်ယောက်ချင်းစီလုပ်ဆောင်ရန်အတွက် ပုံသဏ္ဍာန်များ လည်းပါဝင်နိုင်ပါသည်။ နှစ်သက်သလိုလုပ်ဆောင်ရမည့်ပုံသဏ္ဍာန်များကိုဖန်တီးရန် မြေပုံရေးဆွဲခြင်း၌ အထူးလိုအပ်ချက်တစ်ခုရှိရပါမည်။ ဥပမာအားဖြင့် လမ်းမများစီမံကိန်းရယူမှုတစ်ခုတွင် နှစ်သက်သလို လုပ်ဆောင်ရမည့်ပုံသဏ္ဍာန်များ လိုအပ်ကောင်းလိုအပ်မည်ဖြစ်သည်။

လုပ်ဆောင်ရမည့်စတုရန်းကွက်များအတွက် စတုရန်းကွက်ဂရစ်အသုံးပြုခြင်း

တစ်သတ်မှတ်တည်းသော စတုရန်းကွက်ကြီးများကိုဖန်တီးရန် Square Grid option ကိုရွေးချယ်၍ ကလစ်နှိပ်ပါ။
သက်ဆိုင်ရာနယ်မြေဧရိယာသည် ဂရစ်ဆဲလ်အကွက်များအတွင်းသို့ အလိုအလျောက်ခွဲထွက်သွားကာ ဆဲလ်အကွက်တစ်ခုချင်းစီသည် လုပ်ဆောင်ချက်တစ်ခုဖြစ်လာပါသည်။ စီမံကိန်းဧရိယာကြီးမားသည်နှင့်အမျှ ထွက်ပေါ်လာသည့် စတုရန်းကွက်များသည်လည်း ပိုမိုကြီးမားလာမည်ဖြစ်သည်။ နှိုင်းယှဥ်ထားသော စတုရန်းကွက်ကြီးငါးခုအရွယ်အစား ရွေးချယ်မှု များအပေါ်အခြေခံ၍ အကောင်းဆုံးသောစတုရန်းကွက်ကြီးအရွယ်အစားကိုဆုံးဖြတ်ပါ။ ထိုသို့ဖြစ်၍ စတုရန်းကွက်အရွယ်အစား ပိုမိုသေးငယ်သည်နှင့်အမျှ screenshots များတွင်ပြသထားသည့်အတိုင်းပင် လုပ်ဆောင်စရာများ ပိုမိုလာမည်ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံးသောစတုရန်းကွက်အရွယ်အစားမှာ ဧရိယာ၏အရွယ်အစား (ပိုမိုကြီးမားသည့် စီမံကိန်းတစ်ခုအတွက် ပိုမိုသေးငယ်သည့်စတုရန်းကွက်များ ဖန်တီးပါ) နှင့် စတုရန်းကွက်တစ်ခုချင်းစီအတွင်း မြေပုံရေးဆွဲရန်လိုအပ်ဖွယ်ရှိမည့် အသွင်အပြင်များစွာတို့အပေါ်တွင် မူတည်ပါသည်။ ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် သက်ဆိုင်ရာနယ်မြေဧရိယာ၏ အရွယ်အစား နှင့်/သို့မဟုတ် အသွင်အပြင်လက္ခဏာအရေအတွက်တို့ တိုးလာသည်နှင့်အမျှ စီမံကိန်းအတွက်ရွေးချယ်ထားသော စတုရန်းကွက်အရွယ်အစားသည် လျော့နည်းသွားသင့်ပါသည်။

TM Tile Sizes

စတုရန်းကွက်အရွယ်အစားများ ဆုံးဖြတ်ခြင်းမပြုမီ ထည့်သွင်းစဉ်းစားစရာများ

  • Mapathon တစ်ခု၌ မြေပုံရေးဆွဲသူအသစ်စက်စက်တစ်ဦးသည် နယ်မြေဧရိယာတစ်ခုကို အတွေ့အကြုံရှိသည့် မြေပုံရေးဆွဲသူတစ်ဦးအမြန်နှုန်း၏ အကြမ်းဖျင်းလေးပုံတစ်ပုံနှုန်းဖြင့်ရေးဆွဲမည်ဖြစ်သည်။ (မြေပုံရေးဆွဲသူများစွာတို့သည် အလွန်နှေးကွေးသည့်နှုန်းဖြင့် စတင်ကြသော်လည်း မကြာမီမှာပင်အလွန်မြန်ဆန်သွားကြသည်။)
  • မြေပုံရေးဆွဲသူအသစ်တစ်ဦးသည် အမှန်တကယ်ပင်မြေပုံရေးဆွဲသဖြင့် ဂြိုဟ်တုပုံရိပ်ရှိသွင်ပြင်လက္ခဏာများကိုရှာဖွေရန် ခက်ခဲလေ့ရှိကြသည်။ ချုံပုတ်အဝိုင်းများရှိရာ ဧရိယာတစ်ခုအတွင်းရှိ သဘာဝပစ္စည်းများဖြင့်အုပ်မိုးထားသည့် လုံးဝန်းသောတဲများကိုရှာဖွေရခြင်းသည် ‘အတွေ့အကြုံနုသည့်လူသစ်’ အတွက် အလွန်ခက်ခဲသည့်လေ့လာမှုဖြစ်စဉ်တစ်ခုဖြစ်ပါသည်။
  • မြေပုံရေးဆွဲသူအသစ်တစ်ဦးသည် အဆောက်အဦးများကဲ့သို့သော သွင်ပြင်လက္ခဏာအများအပြားကို ရှာဖွေရန်လည်း အခက်အခဲတွေ့တတ်ပါသည်။
  • လုပ်ငန်းစဉ်၏နောက်ပိုင်း၌ သင့်ထံတွင်မြေပုံရေးဆွဲသူတစ်ဦးအတွက် စတုရန်းကွက်တစ်ခုကို’ခွဲထုတ်ရန်’ အခွင့်အရေးရှိပါသည်။ စတုရန်းကွက်တစ်ခုကို လေးပိုင်းခွဲခြားခြင်းဖြင့် မြေပုံရေးဆွဲသူအသစ်များအား ၎င်းတို့နိုင်နင်းသည့် စတုရန်းကွက်အရွယ်အစားတစ်ခုကိုရရှိစေပါသည်။
  • စတုရန်းကွက်တစ်ခု၏ ပြဿနာအဖြစ်တတ်ဆုံးသောအပိုင်းမှာ အစွန်းများနှင့်ထောင့်များ၌ဖြစ်ပါသည်။ ထို့ကြောင့် စတုရန်းကွက်များပိုမိုသေးငယ်ခြင်းသည် ထောင့်များနှင့်အစွန်းများပိုမိုများပြားမှုကိုဖြစ်စေပြီး၊ မြေပုံရေးဆွဲခြင်းတွင် ပုံတူထပ်မှုနှင့် အရာဝတ္ထုများပါမလာမှုများဖြစ်စေပါလိမ့်မည်။ စတုရန်းကွက်ကို သင်မည်မျှအထိသေးအောင်လုပ်မည်ဆို ရာ၌ မြေပုံရေးဆွဲသူလူသစ်အတွက် ပိုမိုလွယ်ကူကောင်းလွယ်ကူစေနိုင်သော်လည်း ထောင့်များနှင့်အစွန်းများပိုမိုများပြားလာသဖြင့် အမှားများလည်းပိုမိုတိုးလာနိုင်သောကြောင့် ထိန်းညှိရမည့်အချက်တစ်ခုရှိပါသည်။
  • စတုရန်းကွက်တစ်ခုကို အပိုင်းခွဲနိုင်ပါသည်။ သို့ရာတွင် စတုရန်းကွက်များကို ပိုမိုကြီးမားလာစေရန် ပြန်လည်ပေါင်းရမည့် ရွေးချယ်မှုမရှိပါ။ ထို့ကြောင့် အပိုင်းခွဲသည့်အချိန်တွင် သတိပြုရမည်ဖြစ်ပါသည်။
  • နိဂုံးချုပ်ခြင်း စီမံကိန်းဆိုင်ရာနယ်မြေဧရိယာတစ်ခုကို မည်မျှလွယ်ကူကြောင်းနှင့် မည်သည့်အခက်အခဲများရင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကိုတွေ့မြင်ရန် သင်ကိုယ်တိုင်ကြိုးစား၍ မြေပုံရေးဆွဲကြည့်ပါ။ ဤသို့ပြုခြင်းဖြင့် သင့်အားအကောင်းဆုံးစတုရန်းကွက်အရွယ်အစားတစ်ခုကို ဆုံးဖြတ်စေရန် အကူအညီပေးပါလိမ့်မည်။ အပိုင်းများခွဲခွင့်ပြုပါ။ သို့ရာတွင် အတိုင်းအဆမရှိမဖြစ်ပါစေနှင့်။ မြေပုံရေးဆွဲသူလူသစ်အချို့သည် မြေပုံရေးဆွဲရန်အလွန်အမင်းခက်ခဲရလောက်အောင်အထိပင် သေးငယ်လွန်းသည်အထိ စတုရန်းကွက်များ ကို အဆက်မပြတ်အပိုင်းခွဲပစ်တတ်ပါသည်။

ကြုံကြိုက်ရာဂျီသြမေတြီများ

အကယ်၌ သင်သည် သင်၏စီမံကိန်းဧရိယာတစ်ခုကိုသတ်မှတ်ရန် ဖိုင်တစ်ခုကို upload လုပ်ထားပြီး သင့်စီမံကိန်း၏ လုပ်ငန်းဆောင်တာတစ်ခုချင်းစီကို သင်ဆန္ဒရှိသလို တိကျသောပုံသဏ္ဍာန်များနှင့်စပ်လျဉ်း ၍လည်း သတင်းအချက်အလက်များပါရှိပါကဖြစ်နိုင်ပါသည်။ အကယ်၍ AOI တွင် ဗဟုဂံတစ်ခုပါရှိပါက စီမံကိန်းတွင် လုပ်ငန်းဆောင်တာတစ်ခုသာလျှင်ပါရှိမည်ဖြစ်သည်။ ဤသည်မှာ ယေဘုယျအားဖြင့် မလိုအပ်ပဲ တိကျသည့်လိုအပ်ချက်များအတွက်သာ လိုအပ်သင့်ပါသည်။

ပုံရိပ်နှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားစရာများ

ဖြစ်စဉ်အများစုတို့၌ ကျွန်ုပ်တို့သည် “စံချိန်စံညွှန်းမီ” Bing ပုံရိပ်များကို အသုံးပြုကြပါသည်။ သို့ရာတွင် သင်သည်အခြားသောအရင်းအမြစ်တစ်ခုကို ပြောင်းလဲအသုံးပြုလိုကောင်းအသုံးပြုလိုသည့်အခြေအနေ များလည်း ရှိပါသည်။

၁။ Bing သည် သင်၏သက်ဆိုင်ရာနယ်မြေဧရိယာ (AOI) အတွက်ထင်ရှားပြတ်သားမှုမြင့်မားသော ပုံရိပ်အရည်အသွေးကို မပေးချေ။ ၂။ Bing တွင် ဤနယ်မြေဧရိယာ၌ အတော်အသင့်များပြားသည့် တိမ်ဖုံးခြင်းများရှိပါသည်။ ၃။ ဘေးအန္တရာယ်ကျရောက်အပြီး အခြေအနေအကဲဖြတ်လေ့လာမှုအတွက် ပိုမိုသစ်သောပုံရိပ်များကို သင်လိုအပ်ပါသည်။

အကယ်၍ Bing သည် အရည်အသွေးမပြည့်မီပါက Mapbox ကို ရွေးချယ်ရပါမည်။ အကယ်၍ ဤရွေးချယ်မှုနှစ်ခုစလုံးမှာ သင်၏လိုအပ်ချက်နှင့်မကိုက်ညီမပါက သင်သည်အခြားသောအရင်းအမြစ်များကိုသာ ရှာသင့်ပါသည်။

ထိုသို့သောဖြစ်စဉ်များ၌ လိုင်စင်ရှိသောအရင်းအမြစ်တစ်ခုကို ရွေးချယ်ရန်မလုံလောက်ပဲ WMS သို့မဟုတ် TMS ဝန်ဆောင်မှုတစ်ခုမှ တစ်ဆင့်ရရှိအောင်လုပ်ရမည်ဖြစ်သည်။ သင်၏ AOI ကို Bing သို့မ ဟုတ် Mapbox ပုံရိပ်ကိုအသုံးပြုလျက် မြေပုံရေးဆွဲထားပြီးဖြစ်ကောင်းဖြစ်ကာ၊ ပုံရိပ်များအကြားတွင် သိသာထင်ရှားသောကွာဟမှုတစ်ခုရှိကောင်းရှိနိုင်ပါသည်။ သင်သည် သင့် AOI ၏တည်နေရာအ မျိုးမျိုးကို အနီးကပ်ကြည့်ရှုရမည်ဖြစ်ပြီး သင့်ပုံရိပ်နှင့် ယခင်ကမြေပုံရေးဆွဲထားသည့် ဒေတာအချက်အလက်များအကြား ကွာဟမှုကိုဆုံးဖြတ်ရမည်ဖြစ်သည်။ အကယ်၍ တည်ဆဲ OSM ဒေတာအချက်အလက်များသည် သင့်ပုံရိပ်နှင့်ပတ်သက်၍ ကွာဟလျက်ရှိသော်လည်း Bing ပုံရိပ်နှင့်ထပ်တူရှိပါက (ယူဆချက်မှားယွင်းသည်ဟု သက်သေပြသည့် GPS လမ်းကြောင်းရှာဖွေတွေ့ရှိမှုမရှိပါက) Bing ကိုသာ ကိုးကားစရာစံချိန်စံညွှန်းအဖြစ် ကျွန်ုပ်တို့ယူဆလေ့ရှိပါသည်။

အကယ်၍ AOI တစ်ခုလုံး၌ သင့်ပုံရိပ်နှင့် Bing အကြား တသမတ်တည်းကွာဟမှုတစ်ခုရှိပါက ဤသည်ကို ဆာဗာပေါ်တွင်အမှားပြင်ဆင်ကောင်းပြင်ဆင်နိုင်ပါသည်။ သို့မှသာလျှင် တည်းဖြတ်သည့်ပရိုဂရမ်၌ ထည့်ထားသည့် အရင်းအမြစ်အမျိုးမျိုးမှပုံရိပ်များမှာ ချိတ်ဆက်မိမည်ဖြစ်ပါသည်။ အကယ်၍ဤသို့မဖြစ်နိုင်ပါက၊ အကယ်၍ AOI တစ် ခုလုံး၌ ကွာဟမှုများအမျိုးမျိုးရှိနေပါက၊ သို့မဟုတ် တည်ဆဲဒေတာအချက်အလက်များမှာ အရင်းအမြစ်အမျိုးမျိုးနှင့် လိုက်လျောညီထွေရှိပါက ဒုတိယအစီအစဉ်တစ်ခုဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ပါသည်။

အရေးအကြီးဆုံးအချက်မှာ ဤပြဿနာများကို မည်သို့မည်ပုံကိုင်တွယ်ရမည်ဆိုခြင်းအတွက် သင်သည်မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရမည်ဖြစ်ပြီး၊ မြေပုံရေးဆွဲသူများနှင့် မှန်ကန်ပြီးပြည့်စုံကြောင်း အတည်ပြုပေးသူများအတွက် အသေးစိတ်ညွှန်ကြားချက်များကို ပေးရမည်ဖြစ်သည်။ သင်သည် အဆိုပါစီမံကိန်းတစ်ခုကို “အတွေ့အကြုံရှိသော မြေပုံရေးဆွဲသူများအတွက်သာ” ဟူ၍ကြေညာကာ၊ ဤဖြစ်စဉ် ရှိ အတွေ့အကြုံဟူသည်မှာ အဆောက်အဦး ၂၀၀ ကျော်ကိုမြေပုံရေး ဆွဲထားခြင်းကိုမဆိုလိုပဲ အနေအထားများချိန်ညှိရသည့် ပြဿနာများ နှင့် ပုံရိပ်အရင်းအမြစ်အမျိုးမျိုးတို့နှင့် ထိတွေ့ပြီးဖြစ်ခြင်းကိုဆိုလိုကြောင်းရှင်းပြရန် ကျွန်ုပ်တို့က အလေးအနက်အကြံပြုပါသည်။

ဖြစ်တန်ရာမဟာဗျူဟာတစ်ခုတွင် အောက်ပါအဆင့်များပါဝင်နိုင်ပါသည်။

၁။ မည်သည့်ပုံရိပ်ကိုမဆိုအရင်းအမြစ်ဟူ၍စဉ်းစားရန်နှင့် ယင်းကိုအခြားသောပုံရိပ်များက လိုက်လံချိန်ညှိရန်ကို ရှင်းလင်းစွာဖော်ပြပါ။ ဤဖြစ်စဉ်၌ အရင်းအမြစ်မှာ Bing ဟူ၍ ကျွန်ုပ်တို့ယူဆကြမည်။ ၂။ Bing ပေါ်တွင်မြင်တွေ့နိုင်သော တည်ဆဲသွင်ပြင်လက္ခဏာများအားလုံးကို Bing ပုံရိပ်နှင့် လိုက်လျောညီထွေဖြစ်စေရန်ချိန်ညှိခြင်း၊ လိုအပ်ပါကပြန်လည်ချိန်ညှိခြင်းတို့ပြုလုပ်ပါ။ ၃။ တည်းဖြတ်သည့်ပရိုဂရမ်၏ ပုံရိပ်ကွာဟမှုချိန်ညှိရသည့်လုပ်ဆောင်ချက်ကိုအသုံးပြုလျက် တည်ဆဲသွင်ပြင်လက္ခဏာများ (နှင့် Bing) နှင့် အခြားသောပုံရိပ်များကို လိုက်လျောညီထွေဖြစ်ရန် ချိန်ညှိ ပါ။ ၄။ ယခုအမှားပြင်ဆင်၍ ချိန်ညှိထားသောအခြားပုံရိပ်မှ သွင်ပြင်လက္ခဏာအသစ်ကို ပေါင်းထည့်ပါ။

စီမံကိန်း၏လုပ်ငန်းတိုင်းအတွက် အဆင့် ၃ ကို ထပ်မံပြုလုပ်ရန်အရေးကြီးပါသည်။ ပုံရိပ်ကွာဟမှုများသည် AOI တစ်ခုလုံး၊ အထူးသဖြင့် နယ်မြေသည်မြေပြင်မဟုတ်သည့်အခါ အတော်အတန်ပင်အမျိုးမျိုးဖြစ်နိုင်သဖြင့် လုပ်ငန်းတစ်ခုချင်းစီဖြစ်သော စတုရန်းကွက်များသည် အလွန်အမင်းကြီးမားမနေသင့်ချေ။ စီမံကိန်းတစ်ခု၌ ပုံရိပ်ပြတ်တောက်မှုများပင်လျှင် ဖြစ်ပေါ်နိုင်ပါသည်။ ယင်းတို့ကိုသတိပြု၍ ထည့်ဝင်သူများကို ထိုသို့သောပြဿနာနှင့်စပ်လျဉ်း၍ အကြံဉာဏ်ပေးပါ။

ဤသည်တို့သည် စီမံကိန်းညွှန်ကြားချက်များ၌ သင်ထည့်သွင်းကောင်းထည့်သွင်းနိုင်သော သတင်းအချက်အလက်အနည်းငယ်တို့ကို အကြံပြုထားပါသည်။

စီမံကိန်းဖန်တီးခြင်းနှင့် ဖော်ပြချက်ပေါင်းထည့်ခြင်း

စတုရန်းကွက်အရွယ်အစားတစ်ခုကို ရွေးချယ်ပြီးပါက “Create Project” ကို ကလစ်နှိပ်ပါ။

TM Create Project

ယင်းသည် Task Manager ၌ စီမံကိန်းတစ်ခုကိုတည်ဆောက်၍ စီမံကိန်းနှင့်ပတ်သက်၍ ဖော်ပြချက်များ၊ ညွှန်ကြားချက်များနှင့် အခြားသောသတင်းအချက်အလက်များကို သင်ပေးနိုင်သောမျက်နှာပြင်တစ်ခုကို ဖွင့်ပေးပါမည်။ ဤသည်ကို အထင်အမြင်မသေးမိစေရန် စိတ်တွင်မှတ်ထားပါ။ မြေပုံရေးဆွဲသူအနည်းငယ် (ဖြစ်စဉ်များစွာတို့ ၌ အများစု) သည် OpenStreetMap နှင့်/သို့မဟုတ် HOT နှင့်ပတ်သက်၍ ယခင်ကအတွေ့အကြုံမရှိကြသူများဖြစ်ကြပါလိမ့်မည်။ ထို့ ကြောင့် tagging လမ်းညွှန်ချက်များနှင့် ရင်းနှီးကျွမ်းဝင်ကြမည် မဟုတ်ကြပေ။ စီမံကိန်း၏ရည်ရွယ်ချက်များသည် ရှင်းလင်းပြီး၊ မြေပုံရေးဆွဲသူများထည့်သွင်းစဉ်းစားသင့်သည့် အရင်းအမြစ်များအားလုံးကို ထိုနေရာ၌ အစီအစဉ်ချထားရန် အလွန်အရေးကြီးပါသည်။ မြေပုံရေးဆွဲရမည့် အရာဝတ္ထုအတန်းအစားတစ်ခုသို့ စီမံကိန်းတစ်ခု ကန့်သတ်ရန် အမြဲလိုလိုအကြံပြုအပ်ပါသည်။ ဧရိယာတစ်ခု၏အခြေခံမြေပုံတစ်ခုကို သင်လိုအပ်ပါက၊ လမ်းများအတွက်တစ်ခု.. အဆောက်အဦးများအတွက်တစ်ခု စသဖြင့် စီမံကိန်းအချို့ ၌ယင်းကို အပိုင်းများခွဲလျှင် ပိုကောင်းပါသည်။ ယခုအခါ မြေပုံစတင်ရေးဆွဲသူများသည် အရာဝတ္ထုများဆိုင်ရာအတန်းအစားတစ်ခုကို မည်သို့မှန်ကန်စွာမြေပုံရေးဆွဲရမည်ကိုသင်ယူလေ့လာရင်း ယင်းကိုပင်အလေးထားဆောင်ရွက်နိုင်ပါသည်။ သို့မဟုတ်ပါက သင်သည် အရာအားလုံးအနည်းငယ်စီပါဝင်သော စတုရန်းကွက်များစွာကို ဘာမျှမည်မည်ရရ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပဲ ဟိုတစ်စသည်တစ်စဖြင့်သာ ပြီးစီးနိုင်ပါလိမ့်မည်။

သင်ပစ်မှတ်ထားသည့်ပရိသတ်ထဲတွင် အင်္ဂလိပ်စကားကိုမိခင်ဘာသာ အဖြစ်ပြောဆိုကြသူများ ပါဝင်ချင်မှပါဝင်နိုင်မည်ဖြစ်သဖြင့် ရှင်းလင်းသည့် ဘာသာစကားအသုံးအနှုန်းကိုသာ အသုံးပြုပါ။

၁။ စီမံကိန်း၏ခေါင်းစဉ်သည် ထင်ထင်ရှားရှားသီးခြားရပ်တည်နေသည့်အရာများကို မြေပုံရေးဆွဲသင့်သည့်အရာကို ထင်ဟပ်ဖော်ပြပြီးဖြစ်သင့်သည်။
#1396 - Missing Maps: Niger State (north), Nigeria (project 1: roads and residential areas )ကဲ့သို့သော ခေါင်းစဉ်တစ်ခုကို ပိုမိုနှစ်သက်ပါ။ ၂။ အရေးအကြီးဆုံးသော သတင်းစကားကို အသေအချာဖတ်မိစေရန် ညွှန်ကြားချက်ပေါ်တွင် ထင်သာမြင်သာပေါ်လွင်စေသင့်ပါသည်။ ဤ၌ Bing အစား အသုံးပြုရန်အထူးပုံရိပ်တစ်ခုခု ပါဝင်ပါလိမ့်မည်။ အကယ်၍ စီမံကိန်းသည် ဥပမာအားဖြင့် လမ်းများနှင့်လူနေအိမ်ခြေ ဧရိယာများအကြောင်းဖြစ်ပါက အိမ်တစ်ခုချင်းစီတိုင်းကို မြေပုံရေးဆွဲဖို့မလိုအပ်ကြောင်း ပထမဆုံးစာကြောင်းများက ဖော်ပြထားနိုင်ပါသည်။ သို့မဟုတ် လူဦးရေသိပ်သည်းမှုခန့်မှန်းရန်အတွက် အသုံးပြုမည်ဆိုပါက အိမ်တိုင်းကိုမြေပုံရေးဆွဲရန် လိုအပ်ကြောင်းဖော်ပြရပါမည်။ ဤသည်တို့သည် ဖော်ပြချက်တွင်ဖော်ပြထားရမည့် အသိပေးချက်များဖြစ်သည်။ ၃။ အခြားသောရှင်းလင်းချက်များ ။ ။ အကယ်၍စီမံကိန်းသည် အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိသာရှိသော မြေပုံရေးဆွဲသူများအတွက်သာလျှင် သင့်လျော်ပါကဖြစ်ပါသည်။ ဥပမာအားဖြင့် စီမံကိန်းသည် imports ရယူခြင်းမှ အသုံးပြုခြင်း သို့မဟုတ် တည်ဆဲဒေတာ အချက်အလက်များကို GPS ရှာဖွေတွေ့ရှိမှုများ သို့မဟုတ် အခြားပုံရိပ်များနှင့် ပြန်လည်ချိန်ညှိခြင်းများ ပြုသင့်ပါသည်။ မြေပုံရေးဆွဲသူ လူသစ်များကိုလည်း အခြားသောစီမံကိန်းများသို့ ထည့်ဝင်ရန်ဖိတ်ခေါ် ခြင်းခံရကြောင်းခံစားကြရပြီး၊ ဤဖြစ်စဉ်၌ အဆင့်မြင့်နည်းစနစ်များလိုအပ်သည်ကိုလည်း နားလည်စေရန် ရှင်းလင်းပြောဆိုသင့်ပါသည်။ ၄။ မှန်ကန်ပြီးပြည့်စုံကြောင်းအတည်ပြုပေးစဉ် ကျွန်တို့တွေ့မြင်လေ့ရှိသည့် အမှားများပါသော လမ်းညွှန်ချက်များရှိပါသည်။ တစ်ခုသောသာဓကမှာ အနောက်အာဖရိက၌ မြေပုံရေးဆွဲခြင်း ပေါ်တွင် Blake Giradot ၏ ရေးသားပြုစုထားခြင်းဖြစ်သည်။ ညွှန်ကြားချက်များရှိ လင့်ခ်ကိုအသုံးပြု၍ ဤလမ်းညွှန်ချက်များကိုလိုက်နာရန်လိုအပ်ကြောင်း ရှင်းပြပြောဆိုပါ။ ၅။ Tagging ဆိုင်ရာအကောင်းဆုံးအရင်းအမြစ်မှာ OpenStreetMap wiki ဖြစ်ပါသည်။ HOT နှင့်စပ်လျဉ်းသော လုပ်ဆောင်ချက်များစွာတို့အတွက် tagging highways in Africa ပေါ်ရှိစာမျက်နှာသည် မှန်ကန်သည့်အထူးလုပ်ဆောင်ချက်ဖြစ်ပြီး၊ မြေပုံရေးဆွဲသူတိုင်းအတွက် ဖတ်ရှုသင့်ကြောင်း အလေးအနက်အကြံပြုအပ်ပါသည်။ အကယ်၍ သင်၏စီမံကိန်းသည် tagging စံချိန်စံညွှန်းအမျိုး မျိုးအတိုင်းဖြစ်ရမည်ဆိုပါက ဝီကီပေါ်တွင်အလားတူစာမျက်နှာတစ်ခု ရေးသားကာ သင့်ညွှန်ကြားချက်နှင့်လင့်ခ်ချိတ်ပါ။

အမှားစစ်ဆေးခြင်းနှင့် ထုတ်ဝေခြင်း

စာလုံးရေးဖွဲ့ခြင်းနှင့် ပုံသဏ္ဍာန်ချခြင်းများမှန်ကန်စေရန်နှင့် လမ်းညွှန်ချက်များရှင်းလင်းမှုရှိစေရန် အားလုံးကို အမှားစစ်ပါ။ အကယ်၍ သင့်စီမံကိန်း၌ ပြောင်းလဲပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်ပါက စာမျက်နှာ၏ ထိပ်ပိုင်းလက်ယာဖက်ရှိ ‘Edit’ ကို ကလစ်နှိပ်ပါ။

TM Edit Project

အကယ်၍ စီမံကိန်းသည် မြေပုံရေးဆွဲမှုအတွက်အဆင်သင့်ဖြစ်ပါက ‘Publish’ ဟူသောလင့်ခ်ကို ကလစ်နှိပ်ပါ။ စီမံကိန်းကိုထုတ်ဝေပြီးလျှင်ပြီးချင်း OSM အကောင့်တစ်ခုရှိသည့်မည်သူမဆို မြေပုံရေးဆွဲရန်အတွက် ရရှိနိုင်ပါသည်။ ယင်း၌ ‘Allowed Users’ ခလုပ်ရှိ အသုံးပြုသူများအဖွဲ့တစ်ခုကို တိတိကျကျဖော်ပြထားရမည်ဖြစ်ပြီး၊ ခွင့်ပြုခြင်းခံရသူများသာ အလုပ်လုပ်နိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍လိုအပ်ပါက ‘Edit’ လင့်ခ်အပေါ်တွင် ကလစ်နှိပ်ခြင်းအားဖြင့် ထုတ်ဝေပြီးသည့် စီမံကိန်းကို ပြင်ဆင်တည်းဖြတ်မှုပြုလုပ်နိုင်ပါသေးသည်။