Tasking Manager 2

Reviewed 2015-08-26

If the user interface of the version you use looks different from the one described here then you should consult our version overview

အခန်းအလိုက် မာတိကာအညွှန်း

HOT Tasking Manager http://tasks.hotosm.org/ ဆိုသည်မှာ မြေပုံဆွဲသူများက ဧရိယာတစ်ခုကို စတုရန်းကွက်ပုံစံတစ်ခုအဖြစ်သို့ စီစဉ်ရန်အသုံးပြုနိုင်ပြီး၊ ဧရိယာတစ်ခုကို အစီစဉ်တကျဖြင့် မြေပုံရေးဆွဲရန် အတူတကွလုပ်ကိုင်ဆောင်ရွက်နိုင်သော အသုံးပြရလွယ်ကူသည့် ကိရိယာတစ်ခုဖြစ်သည်။ ဤကိရိယာသည် ကမ္ဘာ တစ်ဝန်းရှိမြေပုံရေးဆွဲသူများအား ရှင်းလင်းသည့်ဒေသကြီးတစ်ခု ကို မြေပုံရေးဆွဲရာ၌ အလုပ်လုပ်သည့်နယ်ပယ်ထပ်နိုင်ခြေအနည်း ဆုံးဖြင့် ကူညီခွင့်ပေးသလိုပင် အမှန်တကယ်ဖြစ်ပျက်ရာနေရာနှင့် (“armchair mappers” များဟူ၍ရံဖန်ရံခါညွှန်းဆိုခြင်းခံရသည့်) အဝေးမှလုပ်ကိုင်ဆောင်ရွက်ကြသည့် လူများအား ထိထိရောက် ရောက်လျှင်မြန်စွာ ပူးပေါင်းဆောင်ရွက်ခွင့်နှင့် ပဋိပက္ခများကြောင့် မတော်တဆပြန်လည်လုပ်ကိုင်ရခြင်းများကို ရှောင်ရှားခွင့်ပြုထားပါသည်။

လုပ်ငန်းစဉ် သုံးသပ်လေ့လာခြင်း

၁။ Administrator တစ်ဦးက OpenStreetMap ၌ ပြင်ဆင်မွမ်းမံ ရန်လိုအပ်သည့် ဒေသတစ်ခုကို ရွေးချယ်ပါသည်။ Administrator သည် အဝေးမှမြေပုံရေးဆွဲသူများအတွက်အချက်အလက်များရှာဖွေရရှိစေရန် သင့်လျော်သည့်ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ ရှိစေ ရန်ဆောင်ရွက်ကာ ထိုဒေသကိုအကျုံးဝင်သည့် စီမံကိန်းတစ်ခုကို ဖန်တီးပေးပါသည်။ လိုအပ်သည့် အသေးစိတ်အချက်အလက် အဆင့်နှင့် အရေးပေါ်လိုအပ်မှုအခြေအနေတို့ကို အဝေးမှမြေပုံရေး ဆွဲသူကလိုအပ်မည့် အခြားသောမည်သည့် သတင်းအချက်အလက်နှင့်မဆို အတူတကွရှိနေသည့်စီမံကိန်းအတွင်း အသေးစိတ် ဖော်ပြထားသည်။ Administrator သည် လိုအပ်ချက်များရရှိချိန်၌ စီမံကိန်းကို Tasking Manager အတွင်း ထုတ်ဝေပါသည်။ သို့ရာတွင် နောက်ပိုင်းတွင်လိုအပ်ချက်အရ ယင်းတို့ကိုလည်း ပြောင်းလဲနိုင်ပါသည်။
၂။ အဝေးမှမြေပုံရေးဆွဲသူတစ်ဦးသည် ဆောင်ရွက်ရမည့် စတုရန်းကွက်တစ်ခုကိုရွေးချယ်ကာ၊ မြေပုံရေးဆွဲမှုကို ပြီးစီးအောင်ဆောင်ရွက်၍ ယင်းစတုရန်းကွက်ကိုပြီးစီးပြီဖြစ်ကြောင်း အမှတ်အသားပြုပါသည်။
၃။ ဒုတိယမြောက် အဝေးမှမြေပုံရေးဆွဲသူတစ်ဦးသည် ထိုစတုရန်းကွက်ကို ကျေနပ်လောက်သည့်အဆင့်အထိ ပြီးစီးမှုရှိမရှိ စစ်ဆေးကာ ‘validated’ ဟူ၍ အမှတ်အသားပြုပါသည်။
၄။ မြေပုံရေးဆွဲမှုစီမံကိန်း၏တိုးတက်မှုကို စီမံကိန်း၏ “stats” အတွင်းစောင့်ကြည့်လေ့လာနိုင်ပြီး၊ သက်ဆိုင်ရာစီမံကိန်းကို Administrator က လိုအပ်သလို အဆင့်လျှော့ချခြင်း သို့မဟုတ် သိမ်းဆည်းခြင်းများ ပြုလုပ်နိုင်သည်။

ရွေးချယ်စရာများနှင့် လင့်ခ်များ

Tasking Manager သည် ကနဦးတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြသပါမည်။ အခြားဘာသာစကားတစ်ခုကို ပြောင်းလိုပါက အနီရောင်ခေါင်းစဉ်နဖူးစည်းစာတန်းရှိ English ကို နှိပ်ပါ။

Task Manager ၊ HOT ကိုစီစဉ်သူများ၊ အကျိုးတူဆောင်ရွက်သူများနှင့် အကူအညီများဆိုင်ရာ သတင်းအချက်အလက်များအတွက် စာမျက်နှာထိပ်ပိုင်းရှိ About ကို နှိပ်ပါ။

သင်သည် log in ပြုလုပ်ပြီးသည်နှင့် သင်၏ username ကို နှိပ်နိုင်ပါသည်။ ဤသို့အားဖြင့် သင်သည်…

  • သင်ဆောင်ရွက်ပြီးစီးထားသည့် စတုရန်းကွက်များဆိုင်ရာ စီမံကိန်းများ၏စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်သည်။
  • Tasking Manager အတွင်းရှိ သင်၏ Messages မျက်နှာပြင်သို့သွားပါ။ (ယင်းသည် OpenStreetMap စာပေးပို့ခြင်းစနစ်နှင့် မတူညီပေ။)
  • Logout ပြုလုပ်ခြင်း
  • Tasking Manager အတွင်း ဆောင်ရွက်ပြီးစီးသည့် စတုရန်းကွက်များထည့်သွင်းပေါင်းစပ်ထားသော အသုံးပြုသူများအားလုံး၏ စာရင်းတစ်ခုကိုကြည့်ပါ။ သင်သည် သင်နှစ်သက်ရာအသုံးပြုသူများ၏အကြောင်း (ဥပမာအားဖြင့် မည်သည့်စတုရန်းကွက်များကို ၎င်းတို့ဆောင်ရွက်ပြီးစီးထားကြောင်းနှင့် ၎င်းတို့၏ OSM ပြင်ဆင်တည်းဖြတ်မှုသမိုင်းအကြောင်းစသည်..) ကိုကြည့်ရှုရန် ဝင်ရောက်နိုင်ပါသည်။

Tasking Manager Username_list

TASKING MANAGER နှင့်စတင်ခြင်း

သင်သည် စီမံကိန်းများကို ဝင်ရောက်လေ့လာသူတစ်ဦးအဖြစ် ကြည့်ရှုနိုင်သော်လည်း ထဲထဲဝင်ဝင်ပါဝင်ရန်အတွက်မူ Tasking Manager အတွင်းသို့ Login ဝင်ရောက်ရမည်ဖြစ်သည်။ သင်၏ OpenStreetMap အကောင့်အသုံးပြုသူအမည်နှင့် password တို့ ကို အသုံးပြုပါ။ သင်၏Internet browser ကိုဖွင့်ပြီး http://tasks.hotosm.org သို့သွားပါ။ သင်သည် အောက်ပါအတိုင်း မျက်နှာပြင်တစ်ခုကို မြင်တွေ့ရပါမည်။

Tasking Manager Login

  • “OpenStreetMap အတွင်းသို့ Login” ပြုလုပ်ပါ။
  • သင်သည် ဤအသုံးချအပလီကေးရှင်းကို သင်၏ OpenStreetMap အကောင့်ထဲသို့ အတိုင်းအတာတစ်ခု အထိဝင်ရောက်ခွင့်ပြုရန် သဘောတူလျက်ရှိရမည်။ “Save Changes” ကို နှိပ်ပါ။

Authorizing access to OSM account by the Tasking Manager

စီမံကိန်းတစ်ခုကို နေရာရှာဖွေခြင်း

စီမံကိန်းများ၏ လက်ရှိစာရင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။

  • အမြင့်ဆုံးဦးစားပေးခြင်း
  • ဖန်တီးသည့်ရက်စွဲ သို့မဟုတ်
  • နောက်ဆုံးပြင်ဆင်မွမ်းမံခြင်း

သင်သည် သင်ပါဝင်ဆောင်ရွက်ထားသည့် စီမံကိန်းများကို သင့်အနေနှင့် စတုရန်းကွက်တစ်ခုကိုဆောင်ရွက်ပြီးစီးထားခြင်းရှိမရှိ ကြည့် ရှုရန် Your Projects (သင့်စီမံကိန်းများ) အကွက်ထဲတွင် နှိပ်ခြင်းအားဖြင့် သင်၏စာရင်းကို ပိုမိုကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ မှန်ကန်ပြီးပြည့်စုံကြောင်း အတည်ပြုပေးသူများသည်လည်း ဤအကွက်ကိုအသုံးပြုခြင်း အားဖြင့် ၎င်းတို့က ထည့်ဝင်ထားသော ပြီးပြည့်စုံအောင်ဆောင် ရွက်ထားသည့် စီမံကိန်းများကို ရှာဖွေကြမည်ဖြစ်သည်။ သင်သည် Ebola (အီဘိုလာ) (အင်္ဂလိပ်စကားလုံးအကြီးအသေးကိစ္စမရှိပါ) ကဲ့သို့သော သီးသန့်စကားလုံးများပါဝင်သည့် စီမံကိန်းများကို လည်း လွတ်လပ်စွာရှာဖွေ နိုင်ပါသည်။

စီမံကိန်းများကို ယင်းတို့၏သက်ဆိုင်ရာစီမံကိန်းအမှတ် ဥပမာ- #711- Ebola Outbreak, Kayes, Mali – Pre-emptive building mapping ဖြင့် အမြဲလိုလို ရည်ညွှန်းကာ၊ ဤသာဓက၌ သင်သည် ဤစီမံကိန်းကိုရှာဖွေတွေ့ရှိရန် #711 တွင် ရှာဖွေနိုင်မည်ဖြစ်သည်။

သက်ဆိုင်ရာစီမံကိန်းအကြောင်း သတင်းအချက်အလက်များပိုမို မြင်တွေ့ရန် အပြာရောင်စီမံကိန်းခေါင်းစဉ်တစ်ခုကို နှိပ်ကြည့်ပါ။

Job description

ဖော်ပြချက်

စီမံကိန်းအကြောင်း သင်သိရန်လိုအပ်သမျှအရာအားလုံးသည် ဤနေရာတွင်ရှိပါသည်။ မြေပုံရေးဆွဲမှုစီမံကိန်းအကြောင်းဖော်ပြချက်တစ်ခုနှင့် လိုအပ်ချက်တို့ကို လက်ဝဲဖက်တွင်ဖော်ပြထားသည်။ လက်ယာဖက်တွင် မြေပုံရေးဆွဲရမည့်ဧရိယာကိုပြသထားသော မြေပုံလမ်းကြောင်းတစ်ခုရှိပါသည်။

  • စီမံကိန်းတစ်ခု၏ ပတ်လည်အနားစတုရန်းကွက်များ၌ သာမန်အားဖြင့်မြင့်တွေ့နိုင်သည့် ခရမ်းရောင်မျဉ်း ကြောင်းရေးရေးမှာစီမံကိန်း၏ နယ်စပ်ကိုညွှန်ပြပါသည်။ ဤနယ်စပ်သည် သာမန်အားဖြင့် ရရှိနိုင်သောဓာတ်ပုံ ပုံရိပ်ကို အခြေခံထားခြင်းဖြစ်သဖြင့် သာမာန်နှင့်မတူသည့်ပုံပန်းသဏ္ဍာန်တစ်ခု ပုံပေါက်နေနိုင်ပါသည်။ မြေပုံ ရေးဆွဲခြင်းသည် ဤနယ်စပ်၏ပြင်ပတွင် ပြီးစီးကောင်း ပြီးစီးနိုင်သော်လည်း ယင်းသည် လိုအပ်ချက်တစ်ခုမဟုတ်ပဲ မှန်ကန်ပြီးပြည့်စုံကြောင်းအတည်ပြုပေးသူ များက ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။
  • မြေပုံ၏ပန်းရောင်ဧရိယာများသည် အမြင့်ဆုံးဦးစားပေးဧရိယာများဖြစ်ကြောင်း ညွှန်ပြပါသည်။
  • အဝါရောင်မြေပုံလမ်းကြောင်းစတုရန်းကွက်များသည် ဆောင်ရွက်ပြီးစီးထားခြင်းဖြစ်သည်။
  • အဝါရောင်နယ်စပ်တစ်ခုသည် စတုရန်းကွက်ကို ယခုဆောင်ရွက်နေကြောင်းကို ညွှန်ပြပါသည်။
  • အစိမ်းရောင် စတုရန်းကွက်များသည် လုပ်ငန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ကာ မှန်ကန်ပြီးပြည့်စုံပြီဖြစ် ကြောင်းလည်း အတည်ပြုပြီးဖြစ်သည်။
  • ကျန်ရှိနေသော စတုရန်းကွက်များမှာ ပြီးစီးအောင်ဆောင်ရွက်ရန်လိုအပ်နေသေးကြောင်း၊ သို့မဟုတ် ယခင် က မှန်ကန်ပြီးပြည့်စုံပြီဟု အတည်ပြုထားခြင်းဖြစ်သည်။ (မှန်ကန်ပြီးပြည့်စုံခြင်းမရှိသေးသည့် စတုရန်းကွက်များ သည် ပိုမိုနက်မှောင်သည့်အရောင်တစ်ခုဖြစ်သည်။)

လမ်းညွှန်ချက်များဆိုင်ရာ tab

ဤသည်မှာ မြေပုံရေးဆွဲခြင်းလုပ်ငန်းတွင် မည်သည့်အရာလိုအပ်လျက်ရှိကြောင်းကို ပြသပါသည်။ လုပ်ငန်းများသည် အခြေခံအ ဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်မြေပုံရေးဆွဲသူများအတွက်သင့်လျော်သော ခက်ခဲမှုအလိုက်အမျိုးမျိုးကွဲပြားကာ၊ လမ်းညွှန်ချက်များက ဤသည်ကိုရှင်းလင်းပြဆိုမည်ဖြစ်ပါသည်။ သင် သည် ဤအပိုင်းကိုအသေအချာဖတ်ရှုနားလည်ရမည်ဖြစ်ပါသည်။ မတူညီသောရည်ရွယ်ချက်များစွာတို့အတွက် မြေပုံရေးဆွဲမှုလုပ်ငန်းပုံစံအမျိုးမျိုးရှိပါသည်။ ယေဘုယျစီမံကိန်းလုပ်ငန်းဆောင်တာအချို့တွင် အောက်ပါလှုပ်ရှားဆောင်ရွက်မှုများပါဝင်ပါသည်။

  • လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ ။ ။ ဒေတာအချက်အလက်များကို တစ်နိုင်တပိုင်သွားလာရေးကိရိယာများအ ဖြစ်သို့ထားရှိရန်နှင့် လူသူအရောက်အပေါက်နည်းသည့် ဧရိယာများသို့ မည်သို့မည်ပုံသွားရောက်ရမည်ဆိုခြင်းကို လုပ်ကိုင်ဆောင်ရွက်ရန် လုပ်ငန်းခွင်နယ်ပယ်မှလူများက အသုံးချကြသည်။
  • မြေပုံရေးဆွဲသည့် ကျေးရွာများ ။ ။ လူများနေထိုင်ပြီး သက်ရောက်မှုရှိနိုင်သော နေရာများကိုခွဲခြားထုတ်ဖော်ရန် အသုံးပြုလေ့ရှိသည်။
  • မြေပုံရေးဆွဲသည့် အဆောက်အဦးများ ။ ။ ပျက်စီးမှုအကဲဖြတ်ခြင်းများ သို့မဟုတ် ရောဂါများနှင့်အတူထိတွေ့မှု ခြေရာခံခြင်းအတွက် အသုံးပြုသည်။
  • မြစ်များ၊ တံတိုင်းများနှင့် အခြားသောအခြင်းအရာများကို မြေပုံရေးဆွဲခြင်း

ကမ္ဘာကြီး၏ ဧရိယာများအားလုံးသည် သင့်သဘောအရတူညီမည် မဟုတ်ပေ။ ထို့ကြောင့် အသေးစိတ် tagging အကြံဉာဏ်များကို ရယူနိုင်ပါသည်။ ဥပမာအားဖြင့် အာဖရိကလမ်းမကြီးကွန်ရက်သည် တွေ့ရိုးတွေ့စဉ် အမေရိကန် သို့မဟုတ် ဥရောပအဝေးပြေးလမ်းမကြီးစနစ်များနှင့် အလွန်ကွဲပြားပါသည်။

သင့်၏ ပြောင်းလဲမှုများကို တင်ခြင်း/ သိမ်းဆည်းခြင်းများပြုသည့် အခါ ပြောင်းလဲမှုများပြုရာ၌ source နေရာသို့ copy နှင့် paste ပြုလုပ်ရန် (သင်၏ တည်းဖြတ်သည့်ပရိုဂရမ် အပေါ်မူတည်၍) လိုကောင်းလိုအပ်နိုင်သော source အရင်းအမြစ်သတင်းအချက် အလက်နှင့်အတူ သင်၏ တည်းဖြတ်သည့်ပရိုဂရမ်တွင် ပေါ်နေရန် အသေအချာဆောင်ရွက်သင့်သည့် Changeset comment ကိုညွှန်ပြလျက်ရှိသော ကဏ္ဍတစ်ခုရှိပါမည်။

တစ်ခါတရံ၌ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာတိကျသည့်ပုံရိပ်များ ရကောင်းရနိုင်ပါသည်။ ယင်းကိုရယူအသုံးပြုနိုင်ရန်အလို့ငှာ သင်သည် လိုင်စင်တစ်ခုကိုသဘောတူညီရန် လိုအပ်ကောင်းလိုအပ်မည်ဖြစ်သည်။ ညွှန်ကြားချက်များသည် ဤသည်ကို JOSM သို့မ ဟုတ် iD ကဲ့သို့သော တည်းဖြတ်သည့်ပရိုဂရမ်များ အတွင်းသို့ ထည့်သွင်းရန်အလွယ်ကူဆုံးသောနည်းလမ်းကို ညွှန်ပြလေ့ရှိပါ သည်။

ပြီးစီးပြီဟူ၍ အမှတ်အသားပြုထားသည့် စတုရန်းကွက်တစ်ခုကိုစစ်ဆေးရာ၌ မှန်ကန်ပြည့်စုံပြီဖြစ်ကြောင်း အတည်ပြုပေးသူများသည် ညွှန်ကြားချက်များမှလိုအပ်ချက်များ လုံးဝပြီးစီးသွားပြီ ဟူ၍ ထင်မှတ်ကြမည်ဖြစ်သည်။ မြေပုံစတုရန်းကွက်ကြီးတစ်ခုလုံးကို ပြီးစီးအောင်ဆောင်ရွက်ခြင်းမှာ အတော်ပင်ခက်ခဲကြောင်း သင်တွေ့နိုင်ပါသည်။ အောက်ပါလမ်းညွှန်ချက်သည် unlocking စတုရန်းကွက်များပတ်လည်၌ ရရှိနိုင်ကာ၊ ယင်းသည် မြေပုံရေးဆွဲ သူနောက်တစ်ဦးအတွက် အသုံးဝင်သော အကြံပြုဝေဖန်ချက်ကိုလည်း ပေးထားပါသည်။

Activity tab

ဤ tab သည် လုပ်ငန်းအတွင်း၌ ဖြစ်ပျက်ထားသော လှုပ်ရှားမှုကို ဖြစ်စဉ်အလိုက်ပြသပါသည်။

Stats tab

ဤတွင် တိုးတက်မှုပြဂရပ်ဖ်တစ်ခုနှင့် အခြားသောသတင်းအချက်အလက်များပါဝင်ပါသည်။

Stats tab တွင် စီမံကိန်းအတွင်း အနည်းဆုံးစတုရန်းကွက်တစ်ခုကို လုပ်ဆောင်ပြီးစီးထားသည့် မြေပုံရေးဆွဲသူများ၏စာရင်းတစ်ခုလည်း ပါဝင်ပါသည်။ မည်သည့်စတုရန်းကွက်များကို ၎င်းတို့ပြီးစီး ထားသည်ကိုတွေ့မြင်ရန် သင်သည် အသုံးပြုသူအမည်တစ်ခုပေါ်၌ သင်၏ mouse cursor ကို ရွှေ့ကြည့်နိုင်ပြီး ၎င်းတို့ပြီးစီးထားသည့် စတုရန်းကွက်များသည် တစ်ခုတည်းသောမြင်စရာဖြစ်လာပါလိမ့်မည်။ (သင်ယခင်ကပြီးစီးထားသည့် စတုရန်းကွက်ကို နေ ရာပြန်ရှာရန် ဤ tab ကို အသုံးပြုပါ။)

သင်၏ mouse cursor ကို အသုံးပြုသူအမည်ပေါ်တွင် ရွှေ့ကြည့် ခြင်းအားဖြင့် စတုရန်းကွက်ကိုသင်နေရာရှာကြည့်ပြီးပါက သင်သည် ထိုစတုရန်းအတွက် မြေပုံရေးဆွဲသူများနှင့် ပြည့်စုံမှန်ကန်ကြောင်း အတည်ပြုထောက်ခံပေးသူများက ရေးချန်ထားသော ဝေဖန်အကြံပြုစာများကိုတွေ့မြင်ရန် စတုရန်းကွက်ပေါ်တွင် နှိပ်ကြည့်နိုင်ပါသည်။ ယင်းသည် အတည်ပြုထောက်ခံပေးသူများထံမှ အကြံပြုဝေဖန်ချက်များရယူရေးအတွက် အသုံးဝင်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။

Contribute tab

မြေပုံကိုစတင်ရေးဆွဲရန် သင်အဆင်သင့်ဖြစ်ချိန်တွင် နှိပ်လိုက်ပါ။ မြေပုံမှ စတုရန်းကွက်တစ်ခုကိုရွေးချယ်ခြင်းအားဖြင့် သင့်အလုပ်ကိုစတင်နိုင်သလိုပင် “Take a Task at random” ဟူသော option မှလည်း ရွေးချယ်နှိပ်ယူ၍ စတင်နိုင်ပါသည်။

Picking a task

မြေပုံရေးဆွဲရန် စတုရန်းကွက်တစ်ခုကို ရွေးချယ်ခြင်း

Assigned task square

သင်လုပ်ကိုင်ဆောင်ရွက်မည့် စတုရန်းကွက်ကိုရွေးချယ်ပြီးလျှင် ထိုစတုရန်းကွက်အတွက် မြေပုံရေးဆွဲထားသူတစ်ဦးကစတင်ထားခဲ့ပြီး ပြီးစီးအောင်ဆောင်ရွက်ရန်အချိန်မရှိခဲ့ခြင်းစသည်ကဲ့သို့သော စတုရန်းကွက်၏သမိုင်းရှိမရှိကို သင်ကြည့်ရှုနိုင်မည်ဖြစ်သည်။

အကယ်၍ သင်သည်စတုရန်းကွက်တစ်ခုကို မတော်တဆရွေးချယ်မိပါက အထက်ပါ screenshot တွင် ပြသထားသော အပြာရောင် clos control - x - အပေါ်တွင် နှိပ်ခြင်းအားဖြင့် ပြန်လည်ထားရှိနိုင်ပါသည်။

စတုရန်းကွက်တစ်ခုကို လုပ်ဆောင်ပြီးပြီဟူ၍ ပြန်လည်လွှတ်ပေးခြင်းမပြုမချင်း အခြားသောမြေပုံရေးဆွဲသူများ ရွေးချယ်၍မရနိုင် စေရန် Start Mapping button ပေါ်တွင်နှိပ်ခြင်းအားဖြင့် စတုရန်းကွက်ကို lock ချထားနိုင်ပါသည်။ ထိုသို့ lock ချထားခြင်းသည် နှစ်နာရီ (သို့မဟုတ် မိနစ် ၁၂၀ ) အထိရေတွက်နေမည်ဖြစ်ပြီး၊ ထိုအချိန်စေ့ပါက အလိုအလျောက် unlock ဖြစ်ကာ ပြန်လွှတ်ပေးမည်ဖြစ်သည်။ သင်၏ lock အချိန်ကို အမြဲတစေ စစ်ဆေးကြည့် ရှုခြင်းသည် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သည်။ သင်သည် သင်၏မြေပုံရေးဆွဲခြင်း၌ စိတ်ဝင်စားနစ်မြုပ်သွားရန် လွယ်ကူပြီး၊ သင့်စတုရန်းကွက်သည် သင်မလွှတ်ရပါပဲ အလိုအလျောက် unlock ဖြစ်ပြီးလွတ်သွားသည်ကိုမသိလိုက်ပါက အခြားမြေပုံရေး ဆွဲသူတစ်ဦးကရွေးချယ်မိပြီး စတင်မြေပုံရေးဆွဲနိုင်ပါသည်။ ဤ သို့ဖြစ်လျှင် ပဋိပက္ခများနှင့် ပြဿနာများဖြစ်စေနိုင်ပါသည်။

ပြင်ဆင်တည်းဖြတ်ခြင်း ရွေးချယ်မှုများ

စတုရန်းကွက်တစ်ခုကို သင် lock ချလိုက်ပြီးလျှင်ပြီးချင်းပင် တည်းဖြတ်ရေးအတွက် ရွေးချယ်စရာများကို သင့်အားပြသပါလိမ့် မည်။

Editing options

JOSM နှင့် ပြင်ဆင်တည်းဖြတ်ခြင်း

ဤလင့်ခ်ကိုအသုံးပြုခြင်းမပြုမီ JOSM ကိုစတင်ပါ။ ယင်းသည် တည်ဆဲ OSM ဒေတာအချက်အလက်များကို JOSM အတွင်းသို့ အလိုအလျောက် load ပြုလုပ်သွားပါလိမ့်မည်။

၁။ Edit/ Preferences/ Remote Control အောက်တွင်တွေ့ရ သော ‘Enable remote control’ ကို အမှန်ခြစ်ပေးရန်လိုပါသည်။ ၂။ အကယ်၍ သင်သည် ‘continuousDownload’ plug-in ကို ယခင်ကတပ်ဆင်ထားပြီးဖြစ်ပါက ယင်းကို disable လုပ်လျှင် အကောင်းဆုံးဖြစ်ပါသည်။ (JOSM ရှိ File menu အောက်ရှိ ‘Download OSM Data continuously’ ကို အမှန်ခြစ်ဖြုတ်ပေးပါ။)
၃။ အကယ်၍ JOSM သည် ပုံရိပ်များကို အလိုအလျောက် load မလုပ်ပါကလည်း ယင်းကို Imagery menu အောက်၌ပုံမှန်အားဖြင့် တွေ့နိုင်ပါသည်။ ပုံရိပ်များနှင့်ပတ်သက်၍ ထပ်မံသိရှိလိုသော သတင်းအချက်အလက်များ ဤနေရာတွင်ရှိပါသည်။

iD အသုံးပြုတည်းဖြတ်ခြင်း

တည်ဆဲ OSM ဒေတာအချက်အလက်များ load ပြုလုပ်ထားခြင်း နှင့်အတူ ဤသည်ကို new tab တစ်ခုနှင့် သို့မဟုတ် သင့် web browser တစ်ခုနှင့် အလိုအလျောက်စတင်ရန် ရွေးချယ်ပါ။ Internet Explorer web browser သည် လက်ရှိအချိန်၌ iD ကို အလုပ်လုပ်ပေးခြင်းမရှိပဲ၊ ထိုအစား ယင်းသည် Potlatch 2 ကို load လုပ်ပေးပါသည်။ Task Manager နှင့်အတူသင်၏မူလ tab သို့မဟုတ် window သည် ဆက်လက်ရှိနေဆဲဖြစ်ပါလိမ့်မည်။

Potlatch 2

တည်းဖြတ်ပရိုဂရမ်သည် window သို့မဟုတ် tab အသစ်တစ်ခုတွင် load တက်လာပါလိမ့်မည်။ Potlatch သည် task bounding box ကို အလိုအလျောက်ပြသလိမ့်မည်မဟုတ်သော်လည်း သင်သည်အောက်ပါလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နိုင်ပါသည်။

၁။ Tasking Manager ထဲတွင် စတုရန်းကွက်တစ်ခုကို ရွေးချယ်၍ ယင်းကို lock ချရန် Start Mapping ကို နှိပ်ပါ။
၂။ Tasking Manager ထဲတွင် JOSM နှင့် Edit ကိုရွေးချယ်ပါ။ (အကယ်၍ window သည် “JOSM remote control did not respond…” ဆိုပြီး အလုပ်မလုပ်ကြောင်းဖော်ပြလာပါက OK ကို သာနှိပ်ပါ။)
၃။ JOSM button နှင့်အတူ Edit အောက်၌ “Tip: Download the following .gpx file…” ဟူ၍ ဖိုင်တစ်ခုကို ဒေါင်းလုပ်လုပ်ပေးရန် အကြံပြုပါလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုဖိုင်ကိုဒေါင်းလုပ်လုပ်၍ မည်သည့်နေရာ၌ သိမ်းဆည်းထားသည်ကို မှတ်သားထားပါ။
၄။ Tasking Manager ထဲ၌ Edit with JOSM မှ Edit with Potlatch 2 သို့ပြောင်းပေးပါ။ Potlatch သည် tab အသစ်တစ်ခု၌ ပွင့်လာပါလိမ့်မည်။
၅။ Potlatch တွင် Background ကိုရွေးပြီး Vector File … ကို ဆက်ရွေးပါ။
၆။ Load Vector File window ၌ File ၏နံဘေးအောက်ခြေ၌ Open ကိုနှိပ်ပြီး သင်စောစောက ဒေါင်းလုပ်လုပ်ထားသည့် .gpx ဖိုင်ကို ဆက်နှိပ်ပေးပါ။
၇။ Load Vector File window ၌ .gpx ဖိုင်အတွက် Show ကော်လံတွင် box ကို အမှန်ခြစ်ပေးထားပြီး ယင်း window ကို ပိတ်ပါ။
၈။ Potlatch သည် ယခုအခါ နယ်နိမိတ်ကို စတုရန်းတစ်ခု (စိမ်းပြာရောင်) ဖြင့် ပြသပါလိမ့်မည်။ Potlatch သည် နယ်နိမိတ်ပြင်ပရှိ ဒေတာအချက်အလက်များကို ဆက်၍ load လုပ်နေဆဲဖြစ်သည်ကို သတိပြုပါ။

အိတ်ဆောင်မြေပုံများ/ သတင်းအချက်အလက်များ

ဤသည်မှာ ဒေသခံမြေပုံရေးဆွဲသူတစ်ဦးတစ်ယောက်သည် မြေပြင်စစ်တမ်းကောက်ယူကာ လမ်းအမည်များကဲ့သို့သော သတင်းအချက်အလက်များနှင့် ပုံနှိပ်ထုတ်ထားသောမြေပုံတစ်ခုကို မှတ်သားထားရာ စီမံကိန်းတစ်ခု၌ သင်ပါဝင်ပတ်သက်သည့်အခါ၌သာလျှင် အသုံးပြုပါသည်။ ဤမြေပုံကို scan ပြန်ဖတ်၍ အဝေးမှ သို့မဟုတ် ဒေသခံမြေပုံရေးဆွဲသူတစ်ဦးအတွက် သတင်းအချက်အလက်များဖတ်ရှုရန်နှင့် OpenStreetMap ဒေတာအချက်အလက် Field papers section of LearnOSM ကို နောက်ဆုံးအခြေအနေပြင်ဆင်မွမ်းမံရန် နောက်ခံပုံရိပ်အဖြစ်အသုံးပြုနိုင်ပါသည်။

စတုရန်းကွက်တစ်ခုကို အပိုင်းခွဲထုတ်ခြင်း

သင်၏စတုရန်းကွက်ကိုရွေးချယ်၍ ပုံရိပ်များကိုနေရာတကျစစ်ဆေးကြည့်ပြီး သင်သည် မြေပုံရေးဆွဲရန်အတွက် လိုအပ်သည့်အသေးစိတ်အချက်အလက်များမှာ များပြားလွန်းနေကြောင်း သိရှိလိုက်ရသည်။ သာဓကတစ်ခုအနေဖြင့် သိပ်သည်းသောမြို့ပြဧရိယာများ၌ အဆောက်အဦးများကိုရှာဖွေခြင်း သို့မဟုတ် ကြီးမားကျယ်ပြောသောဧရိယာများ၌ သေးငယ်သည့်ကျေးရွာများကို တည်နေရာရှာခြင်းများဖြစ်နိုင်ပါသည်။ လမ်းညွှန်အနေနှင့် လူတစ်ဦးအတွက် ၂ နာရီအတွင်းပြီးစီးအောင်ဆောင်ရွက်ရန် မဖြစ်နိုင်ပါက သင်သည် ထိုလုပ်ငန်းကိုပိုမိုသေးငယ်သည့်ဧရိယာ ၄ ခုအဖြစ်သို့ အပိုင်းခွဲလိုက်နိုင်ပါသည်။ သတိပြု၍ အသုံးပြုပါ - အကယ်၍ စတုရန်းကွက်များသည် သေးငယ်လွန်းပါက/သည့်အခါ မည်သို့သော အဝေးပြေးလမ်းအမျိုးအစားများပါဝင်သည်ဆိုခြင်းနှင့် အခြားသောသွင်ပြင်လက္ခဏာများကိုခွဲခြားသိရှိရန် ခက်ခဲပါသည်။

ယခင်ကဆောင်ရွက်ပြီးစီးထားသောအလုပ်နှင့် ပတ်သက်၍ အသုံးဝင်သောအခြား comments များကို ရရှိနိုင်တော့မည်မဟုတ်ကြောင်း သတိပြုပါ။

စတုရန်းတစ်ခုကို ဆောင်ရွက်ပြီးစီးခြင်းမပြုမီ unlock ပြုလုပ်ခြင်း

သင်သည် စတုရန်းကွက်တစ်ခုအပေါ်သို့ အကြောင်းတစ်ခုခုဖြင့် လုပ်ငန်းစတင်ဆောင်ရွက်လျှင် ထိုစတုရန်းကွက်နှင့်စပ်လျဉ်း၍ မှတ်ချက်စကားတစ်ခုချန်ထားပါက အကောင်းဆုံးဖြစ်ပါသည်။ မည်သည်တို့လိုအပ်ဆဲဖြစ်ကြောင်းကို ရိုးရှင်းစွာအသေးစိတ်ဖော်ပြပြီး unlock ပြုထားပါ။ သင်၏မှတ်ချက်စကားများသည် ဆက် စပ်မှုရှိပြီး မြေပုံရေးဆွဲမည့်နောက်တစ်ဦးအတွက် အကူအညီဖြစ်ပါစေ။

ဥပမာအားဖြင့် ။ ။

ပြီးစီးလုနီးပါပြီ။ စတုရန်းကွက်ရဲ့ ထိပ်ပိုင်းဘယ်ဖက်က 
 ရွာငယ်ကို ရှာဖို့လိုပါသေးတယ်။ 

Finishing a square

သင်သည် စတုရန်းကွက်တစ်ခုကိုအပြီးဆောင်ရွက်ပြီးပြီဟူ၍ ပြောဆိုရန် အလွန်ခက်ခဲပါသည်။ သို့ရာတွင် သင်သည်အတော်အသင့်သေချာပါက ထိုစတုရန်းကွက်ကို ပြီးစီပြီဟူ၍အမှတ်အသားပြုရန် လက်ခံနိုင်ပါသည်။ပါဝင်သည့်အကြောင်းအရာများကို အခြားသောမြေပုံရေးဆွဲသူတစ်ဦးက ပြည့်စုံမှန်ကန်ကြောင်းအ တည်ပြုသည့်အခါတွင် စစ်ဆေး၍ ဖြည့်စွက်ချက်အနည်းငယ်ကိုလည်း ပြုလုပ်နိုင်ပါသည်။

လုပ်ငန်းစဉ်ကို အထိရောက်ဆုံးဖြစ်စေရန်အတွက် မြေပုံရေးဆွဲသူများသည် ‘မသေချာသော’ မြေပုံရေးဆွဲသည့်အခြားသူအချို့အတွက် စစ်ဆေးခြင်းဖြင့်အချိန်ကုန်ဆုံးရန် စတုရန်းကွက်များကို သည်အတိုင်းထားရစ်ခဲ့ခြင်းထက် ပြီးစီပြီဟူ၍အမှတ်အသားပြုရန် လိုအပ်ပါသည်။

သင်သည် တည်းဖြတ်ခြင်းပြီးစီး၍ စတုရန်းကွက်သည်ပြီးစီးပြီဟူ၍ ထင်မြင်သည့်အခါ သင်၏ ပြင်ဆင်တည်းဖြတ်သည့်ပရိုဂရမ်နှင့် ကျန်ရှိနေသေးသော တည်းဖြတ်ဖွယ်ရာများကိုသိမ်းဆည်းပြီး Tasking Manager သို့ ပြန်သွားပါ။

  • သင်ပြီးစီးထားသည်များနှင့် ပိုမိုအရေးကြီးသော သင်မ သေချာ သည့်ကိစ္စများကို comment box ထဲ၌ အသေး စိတ်ရေးသားခဲ့ပါ။ ဥပမာအားဖြင့် “ကျွန်တော်မြင် သလောက်တော့ ပြည့်စုံပါပြီ။ ဒါပေမယ့် စတုရန်းကွက်ရဲ့ ထိပ်ပိုင်းညာဖက်မှာ တိမ်ဖုန်းနေတာရှိလို့ အဲဒီဧရိယာကို ရှာတွေ့ဖို့ ကျွန်တော်မမြင်ရပါဘူး။”
  • “Mark Task as Done” ခလုပ်ကို နှိပ်ပြီးပါက သင်၏လုပ်ဆောင်ချက်ကို ပြန်လည်သုံးသပ်ရန်အတွက် အဆင်သင့်ဖြစ်ပါပြီ။

Comment box မှ message ပေးပို့ခြင်း

စတုရန်းကွက်တစ်ခုနှင့်ပတ်သက်၍ comment တစ်ခုချန်ထားသည့်အခါ သင်သည် comment ကို အမည်ပေးထားသော မြေပုံရေးဆွဲသူတစ်ဦးထံသို့ message တစ်ခုအဖြစ် ပေးပို့နိုင်ပါသည်။ Twitter ကဲ့သို့ပင် @ တစ်ခုကိုအသုံးပြု၍ ယင်းနောက်တွင် သုံးစွဲသူအမည်ကိုရေးပါ။ ဤနည်းဖြင့် message တစ်စောင်သည် ဤ box မှ comments များပါဝင်သော အသုံးပြုသူထံသို့ ပို့ပေးပါလိမ့်မည်။ ထို့အပြင် comments box နှင့်ဆက်စပ်သည့် စတုရန်းကွက်၏ လင့်ခ်တစ်ခုလည်းပါဝင်ပါသည်။

ဥပမာအားဖြင့် ။ ။

@Tallguy ဒီနေရာမှာ အဆောက်အဦးတွေရဲ့အသေးစိတ်ကို ရှာပြထားတာ   
တော်တော်ကောင်းပါတယ်။ စတုရန်းရဲ့ထိပ်ပိုင်းဘယ်ဖက်မှာ အိမ်ခြေစုလေးတစ်ခု   
အိမ်ခြေစုလေးတစ်ခု မပါသေးဘူး။  
ကျွန်တော်နည်းနည်းတော့ ထပ်ဖြည့်ထားတယ်။ ဒါပေမယ့် လိုနေတာတွေရှိသေးတယ်။  

ဤသည်မှာ အခြားသူတစ်ဦးတစ်ယောက်၏ အရင်လုပ်ဆောင်ထားသည့်အပေါ် မှန်ကန်ပြီးပြည့်စုံကြောင်းအတည်ပြုခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ခြင်းများပြုရာ၌ အထူးသဖြင့်အသုံးဝင်ပါသည်။

  • သင်သည် မြေပုံရေးဆွဲသူအား အကူအညီဖြစ်စေနိုင်သော http://learnosm.org/en/coordination/remote-tracing/#buildings-walls-compounds-barriers ကဲ့သို့သောလင့်ခ်တစ်ခုကို ပေးလိုပါလိမ့်မည်။
  • ကမ္ဘာတစ်ဝန်းရှိလူများစွာတို့သည် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတိပြု၍ လွယ်ကူရှင်းလင်းသည့်ဘာသာစကားကို အသုံးပြုပါ။ အခြားဘာသာစကားများဖြင့်ရေးသားထားသည်များကို သင်တွေ့ရှိပါက google translate ကဲ့သို့သော tools များသည် အတိုင်းအတာ တစ်ခုအထိ ထိရောက်ပါသည်။

အီးမေးလ်တစ်စောင်ပို့ချိန်၌ သက်ဆိုင်ရာစတုရန်းကွက်တစ်ခုကို ရည်ညွှန်းခြင်း

သင်သည် အီးမေးလ် သို့မဟုတ် IRC စာတစ်စောင်ကဲ့သို့ သတင်းစကားတစ်ခု ပေးပို့ရန်လိုအပ်ကာ စီမံကိန်းတစ်ခုအတွင်း သက်ဆိုင်ရာစတုရန်းကွက်တစ်ခုနှင့်ပတ်သက်၍ တစ်စုံတခုကိုစုံစမ်းမေးမြန်းပါက (ဥပမာအားဖြင့် သင်သည် ဂြိုဟ်တုပုံရိပ်မှတစ်စုံတခုကို မည်သည့်အရာဖြစ်ကြောင်းခွဲထုတ်သိရှိရန် အကူအညီလိုအပ်လျှင်)။ ။

၁။ သက်ဆိုင်ရာ စတုရန်းကွက်ကိုနှိပ်ပါ။
၂။ ‘http://tasks.hotosm.org/project/713#task/259’ နှင့် တူညီသော အလားတူတစ်ခုခုကိုပြသင့်သည့် သင်၏ web browser ရှိ address bar ပေါ်တွင် နှိပ်ပါ။
၃။ Address bar ရှိ စာသားများအားလုံးကို mouse နှင့် highlight လုပ်ပါ၊ သို့မဟုတ် စာသားများအားလုံးကိုရွေးချယ်ရန် ကီးဘုတ် အမြန်နှိပ် Ctrl+A ကိုသုံးပါ။ ပြီးလျှင် copy လုပ်ရန် Ctrl+C ကို ကီးဘုတ်တွင်နှိပ်ပါ။
၄။ သင့်အီးမေးလ်၊ IRC message သို့မဟုတ် အခြားသော message တွင်
- mouse ကို right-click နှိပ်၍ paste လုပ်ပါ။
- သို့မဟုတ် ကီးဘုတ်အမြန်နှိပ် Ctrl+V ကို နှိပ်၍ paste လုပ်ပါ။

တိုက်ရိုက်အကူအညီ ရယူခြင်း

IRC_help

Tasking Manager မှ
၁။ OSM HOT IRC Channel #hot အပေါ်တွင် နှိပ်ပါ။
၂။ အသုံးပြုသူအမည် (သင်၏ OSM အသုံးပြုသူအမည်?) တစ်ခုကို ထည့်ပါ။ သို့မဟုတ် preset characters များကို အသုံးပြုပါ။
၃။ dropdown list အောက်ခြေမှ hot ကို ရွေးပါ။

IRC using

  • မျက်နှာပြင်၏လက်ယာဖက်တွင် အွန်လိုင်းပေါ်တွင်ယခုအချိန်ရှိနေသည့် အသုံးပြုသူများစာရင်းတစ်ခုရှိပါသည်။
  • မျက်နှာပြင်၏အောက်ခြေလက်ဝဲဖက်ရှိ box ထဲတွင် သင် ပြောလိုသည်ကိုရေးပါ။ (ဤသည်မှာ ရံဖန်ရံခါ၌ အခြားစာ များဖြင့် ယာယီကွယ်နေတတ်သော်လည်း box ကို သင် ရွေးလိုက်သည်နှင့် ကွယ်နေမှုများပျောက်သွားပါမည်။)
  • သက်ဆိုင်ရာ တစ်ဦးတစ်ယောက်ထံသို့ စာကိုတိုက်ရိုက်ပေးလိုပါက သင်၏ message အတွင်း လက်ယာဖက်ရှိ စာရင်းမှ ၎င်း၏အသုံးပြုသူအမည်ကို ထည့်သွင်းပါ။ စာရိုက်ပါ၊ ပြီးလျှင် သင်၏စာကိုထွက်သွားစေရန် return key ကို နှိပ်ပါ။ ဤစနစ်သည် တိုက်ရိုက်ဖြစ်၍ တစ်ဖက်က ပြန်လည်ဖြေကြားသည်ကို စောင့်ပါ။ ပြန်စာများအား သင့်ကိုပြရန် သင်၏အသုံးပြုသူအမည်ကို အသုံးပြုလေ့ရှိပါသည်။ ပြန်စာများသည် စက္ကန့်အနည်းငယ်အတွင်း ပြန်လာတတ်သဖြင့် စောင့်ပါ။
  • ရိုးရှင်းသည့် အခြားစနစ်တစ်ခုကို kiwiIRC.com တွင် တွေ့ရှိနိုင်ပါသည်။
  • OpenStreetMap နှင့်အတူ IRC ကိုအသုံးပြုသည့် အသေးစိတ်သတင်းအချက်အလက်များကို OSM Wiki IRC တွင် တွေ့နိုင်ပါသည်။
  • သင်နှစ်သက်သလို IRC client အခြားတစ်ခုကိုလည်း အသုံးပြုပါ။ (Server=irc.oftc.net, and channel=#hot)

အကြံပြုချက်များကို ပြင်ဆင်တည်းဖြတ်ခြင်း

ယခုအချိန်တွင် သင်သည် Tasking Manage ဆိုသည်မှာဘာဖြစ်ကြောင်းနှင့် ယင်း၏လုပ်ဆောင်ချက်အမျိုးမျိုးမှအချို့ကို ကောင်းစွာနားလည်ပြီဖြစ်ပါသည်။ သာမန်ပြင်ဆင်တည်းဖြတ်ခြင်းနှင့်မတူပဲ ဤကိရိယာသည် ပါဝင်ဆောင်ရွက်သူများစွာနှင့်အတူ အချိန်အရေးပါသောစီမံကိန်းများအတွက် အသုံးပြုလေ့ရှိပါသည်။ ဤသည်မှာ သင်လုပ်ဆောင်လေ့ရှိသည်နှင့်အနည်းငယ်ကွဲပြားနိုင်ပါသည်။

Some general advice to heed when working in this tool:

  • Avoid mapping far outside of your square - other mappers may be working in that area, resulting in duplicated efforts. It’s OK to map objects such as buildings overlapping a boundary, but avoid going much further - upload immediatly after mapping something at the border.
  • Extend roads, streams, or other features slightly over the boundaries - this lets the next mapper pick up where you left off, but upload as soon as you finish editing it.
  • If you are in doubt about what a particular feature is, use the comment section to ask questions or check the wiki.
  • If you make a serious mistake - for example, deleting a major feature or relation - use IRC or the comment box to ask other mappers to help in reverting this for you. Try to include the changeset, or a description of what happened. Being a collaborative task, many other mappers are here to help - it’s important to remember everyone makes mistakes sometimes.
  • Don’t hesitate to ask for feedback - mappers validating your work can be terse or to the point, but if they know it’s OK to engage in a dialog with you, the outcome is often a lot better for all involved. It can be difficult to communicate in another language, and it’s easy to appear abrupt when you have to translate as well as pass a message in a language you are not fluent in.
  • You must not validate your own work - a second pair of eyes will always lead to better quality mapping.
  • Don’t worry if other mappers are terse when validating your work - like you, they just want to ensure all of the data is mapped accurately. Feedback is invariably about the remaining work, not criticism of your efforts to date.