|
အဝေးမှပြင်ဆင်တည်းဖြတ်ခြင်း နှင့် HOT အဖွဲ့၌၎င်း၏နေရာ
အဝေးမှမြေပုံဆွဲခြင်းကို “Armchair mapping” ဟူ၍လည်း ရည်ညွှန်းကြပြီး၊ ဤသည်မှာ mapathon တစ်ခုကို တက်ရောက်ပါက သင်ဆောင်ရွက်ရမည်ဖြစ်သော မြေပုံရေးဆွဲခြင်း ပုံစံတစ်မျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ အကယ်၍သင်သည် လုပ်ငန်းစဉ်တစ်ခုလုံးအကြောင်းကို ပိုမိုသိရှိပါက ယင်းသည် သင့်အားမည်သည်တို့လိုအပ်ကြောင်း နားလည်စေရန်ကူညီပါလိမ့်မည်။ ကမ္ဘာတစ်ဝန်းရှိလူများစွာတို့သည် HOT လုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်ကြကာ သင်သည်အဝေးမှမြေပုံရေးဆွဲခြင်းကိုစတင်ချိန်၌ သင်သည် အဖွဲ့၏အစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။ ယင်း၌ အောက်ပါတို့(ဤသည်မှာ စာရင်းအပြည့်အစုံမဟုတ်သေးပေ) အပါအဝင်ကဏ္ဍများစွာပါရှိပါသည်။
အဝေးမှမြေပုံရေးဆွဲခြင်းသည် လုပ်အားစိုက်ထုတ်မှုအများဆုံးအလုပ်ဖြစ်သည်။ အဝေးမှမြေပုံရေးဆွဲသူများကို အစားထိုးရန် ဆော့ဖ်ဝဲကိရိယာများကိုဖန်တီးရန် များစွာကြိုးပမ်းခဲ့ကြရသော်လည်း ယခုအချိန်အထိ အောင်မြင်မှုမရရှိသေးပေ။ အကျဉ်းအားဖြင့် အဝေးမှမြေပုံရေးဆွဲခြင်းသည် ကောင်းကင်ဂြိုဟ်တုပုံရိပ်မှသတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်၍ မြေပုံအချက်အလက်ဒေတာများ၏ အစိတ်အပိုင်းများအဖြစ်ပုံဖော်ရန် ရလဒ်များကိုပရိုဂရမ်အတွင်းသို့ထည့်သွင်းပေးရကာ ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို အသုံးပြုရသည့်လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းလုပ်ငန်းသည် စိတ်ရှည်မှုဖြင့်ရယူဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည်။ ပြီးပြည့်စုံသည့် ‘မြေပုံရေးဆွဲသူများ’ ဟူ၍မရှိပဲ သင် (နှင့်အခြားသူများအားလုံး) သည်ရှောင်လွဲ၍မရသည့်အမှားများကို တတ်နိုင်သမျှအကောင်းဆုံးရှောင်လွှဲကြရမည်သာဖြစ်သည်။ HOT အဖွဲ့သည် အမှားများကိုအနည်းဆုံးဖြစ်စေရန်နှင့် တွေ့ရှိပါကပြင်ဆင်ရန်အတူတကွလုပ်ဆောင်ကြပါသည်။ ကျွန်ုပ်တို့အထဲမှတစ်ဦးစီကဲ့သို့ပင်သင်သည်အမှားများကိုပြုလုပ်မိပါကကျေးဇူးပြု၍လက်မလျှော့ပါရန်နှင့် ယင်းအမှားများကိုသင်္ခန်းစာယူရန်နှင့်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရန်တိုက်တွန်းအပ်ပါသည်။ အဝေးမှမြေပုံရေးဆွဲခြင်းကို သုံးသပ်လေ့လာခြင်း၁။ Administrator သည် OpenStreetMap ၌နောက်ဆုံးအခြေအနေ ပြင်ဆင်မွမ်းမံရန်လိုအပ်လျက်ရှိသော ဧရိယာတစ်ခုကို ရွေးချယ်ပါသည်။ Administrator သည် အဝေးမှမြေပုံရေးဆွဲသူများအတွက် မြေပုံဒေတာအချက်အလက်များရှာဖွေတွေ့ရှိရန် သင့်လျော်သည့်ကောင်းကင်ဂြိုဟ်တုပုံရိပ်များ ရနိုင်စေရန်ဆောင်ရွက်ကာ ထိုဧရိယာကိုလွှမ်းခြုံလျက်ရှိသောစီမံကိန်းကိုဖန်တီးပါသည်။ လိုအပ်သည့် အသေးစိတ်အချက်အလက် အဆင့်နှင့် အရေးပေါ်လိုအပ်မှုအခြေအနေတို့ကို အဝေးမှမြေပုံရေးဆွဲသူကလိုအပ်မည့် အခြားသောမည်သည့် သတင်းအချက်အလက်နှင့်မဆို အတူတကွရှိနေသည့်စီမံကိန်းအတွင်း အသေးစိတ်ဖော်ပြထားသည်။ Administrator သည် လိုအပ်ချက်များရရှိချိန်၌ စီမံကိန်းကို Tasking Manager tasks.hotosm.org အတွင်းထုတ်ဝေပါသည်။ သို့ရာတွင် နောက်ပိုင်းတွင်လိုအပ်ချက်အရ ယင်းတို့ကိုလည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါသည်။ ၂။ အဝေးမှမြေပုံရေးဆွဲသူတစ်ဦးသည် ဆောင်ရွက်ရမည့် စတုရန်းတစ်ခုကိုရွေးချယ်ကာ၊ မြေပုံရေးဆွဲမှုကို ပြီးစီးအောင်ဆောင်ရွက်၍ ယင်းစတုရန်းကို ပြီးစီးပြီဖြစ်ကြောင်း အမှတ်အသားပြုပါသည်။ ၃။ ဒုတိယမြောက်အဝေးမှမြေပုံရေးဆွဲသူတစ်ဦးသည် ထိုစတုရန်းကို ကျေနပ်လောက်သည့်အဆင့်အထိပြီးစီးမှုရှိမရှိ စစ်ဆေးကာ ‘validated’ ဟူ၍ အမှတ်အသားပြုပါသည်။ ၄။ မြေပုံရေးဆွဲမှုစီမံကိန်း၏တိုးတက်မှုကို စီမံကိန်း၏ “stats” အတွင်းစောင့်ကြည့်လေ့လာနိုင်ပြီး၊ သက်ဆိုင်ရာစီမံကိန်းကို Administrator ကလိုအပ်သလို အဆင့်လျှော့ချခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းများ ပြုနိုင်သည်။ သင်စတင်ခြင်းမပြုမီဤသည်တို့ကိုတစ်ခုချင်းစီကြည့်ရှုရန် မိနစ်အနည်းငယ်အချိန်ပေးပါ။ အမြန်ဖတ်လိုက်ပါက ကျွန်ုပ်တို့ဘာအကြောင်းပြောဆိုနေကြသည်ဆိုခြင်းနှင့် သင်လိုအပ်ချိန်၌မည်သည့်နေရာသို့ ပြန်လည်ရည်ညွှန်းရမည်ဆိုခြင်းတို့ကို သင်သည် အကြမ်းဖျင်းသိရှိမည်ဖြစ်သည်။
သင်သည် MapGive ကပံ့ပိုးပေးသည့် ဗီဒီယိုအပိုင်းတို့ကို ကြည့်ရှုလိုကောင်း ကြည့်ရှုလိုနိုင်ပါသည်။ OSM Tasking Manager သည် ဗီဒီကိုကိုဖန်တီးခဲ့ချိန်မှစတင်၍ အဆင့်မြှင့်ထားပြီးဖြစ်ပြီး၊ အခြေခံသဘောတ ရားများမှာတူညီကာ အရောင်များပြောင်းလဲထားကြောင်းကို သတိပြုပါ။ ပြင်ဆင်တည်းဖြတ်သည့် ဆော့ဖ်ဝဲဆော့ဖ်ဝဲပရိုဂရမ်များစွာရရှိနိုင်သော်လည်း ယခုအချိန်တွင် အဓိကရွေးချယ်စရာနှစ်ခုရှိပါသည်။ အောက်တွင်ဖော်ပြထားသည့် LearnOSM အခန်းများကို လျင်မြန်စွာဖတ်ရှု၍ မည်သည့်တည်းဖြတ်သည့်ဆော့ဖ်ဝဲဖြင့်သင်စတင်လိုသည်ကို ဆုံးဖြတ်ပါ။ နောက်ပိုင်းတွင် သင်ဆန္ဒရှိသလို တစ်ခုမှအခြားတစ်ခုသို့ လွယ်ကူစွာပြောင်းလဲနိုင်ပါသည်။
အဝေးမှမြေပုံရေးဆွဲခြင်း - မြေပုံစတင်ရေးဆွဲခြင်းယခုအချိန်တွင်မှ ကျွန်ုပ်တို့အပေါ် လက်မလျော့လိုက်စေချင်ပါ။ ကျွန်ုပ်တို့သည် သင့်အားသတင်းအချက်အလက်များစွာပေးပြီး ဖြစ်ပါသည်။ သို့ရာတွင် ယင်းသည် သင်အမှန်တကယ်မြေပုံ စတင်ရေးဆွဲသည်နှင့်နေရာတကျဖြစ်သင့်ပါသည်။ သင်သည် အောက်ပါတို့ကိုရရှိပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ယခုအခါ စီမံကိန်းတစ်ခုမှ စတုရန်းတစ်ခုကို ရွေးချယ်တော့မည်ဖြစ်ပြီး ယင်းကိုမြေပုံစတင်ဆွဲပါမည်။ အကယ်၍သင်သည် mapathon တစ်ခု၌ ရှိနေပါက သို့မဟုတ် အဝေးမှကူညီနေခြင်းဖြစ်ပါက စီစဉ်သူတို့သည် သင့်အားမည်သည့်စီမံကိန်းကိုလုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ညွှန်ကြားချက်များပေးမည်ဖြစ်ပါသည်။ သင်သည် တစ်ဦးတစ်ယောက်တည်းလုပ်ကိုင်လျက်ရှိပါက Tasking Manager tasks.hotosm.org အတွင်းရှိ စီမံကိန်းများ၏စာရင်းကိုကြည့်၍ စတင်သူများအတွက်သင့်လျော်သည့် စီမံကိန်းတစ်ခုကို ကြိုးစားရှာဖွေရွေးချယ်ပါ။ စီမံကိန်း၏ ညွှန်ကြားချက်များပေါ်ရှိ သတင်းအချက်အလက်များကို သင်သည်အလျင်မြန်ဖတ်ရှုထားပြီးဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင်သည် ဘာလိုအပ်သည်ကို အသေအချာသိရှိရန်လိုအပ်ပါသည်။ သင်သည် ယင်းကိုထပ်မံဖတ်ရှုရန်လိုအပ်ပါသလား? သင်လုပ်ကိုင်ဆောင်ရွက်မည့် စီမံကိန်းကိုရွေးချယ်ထားပြီး ယခုအခါ စတုရန်းတစ်ခုကိုရွေးချယ်ပါ။ ထို့နောက် ရွေးချယ်ရမည့် စာရင်းကိုအသုံးပြုလျက် ယင်းကို သင်ရွေးချယ်ထားသော ပြင်ဆင်မွမ်းမံတည်းဖြတ်သည့် ပရိုဂရမ်အတွင်းသို့ပို့လိုက်ပါ။ ကနဦးအမြင် - JOSM၁။ သင့်စတုရန်းကွက်၏ နယ်နိမိတ်အနားကို ကျူထရံကွက်ပုံစံဖြင့် ညွှန်ပြထားပါသည်။ စတုရန်းကွက်များတွင် တစ်ခုနှင့်တစ်ခုမဆိုစလောက်ထပ်ခြင်းတစ်ခုရှိပါသည်။ သို့မှသာ နယ်နိမိတ်အနားသတ်တွင်ရပ်တန့်သည့်သင့်စတုရန်းကွက်ရှိ အသွင်အပြင်တစ်ခုသည် ကပ်လျက်စတုရန်း၏နယ်နိမိတ်အတွင်း ပေါ်လွင်မည်ဖြစ်သည်။ အခြားတစ်နေရာတွင် ရှင်းလင်းပြထားသည့် ‘ပဋိပက္ခများ (conflicts)’ ကိုရှောင်ရှားရန် သင့်စတုရန်းကွက်အတွင်းရှိ အသွင်အပြင်များကိုသာ သင်သည်မြေပုံရေးဆွဲသင့်ပါသည်။
အခြားသော ကနဦးအမြင်- JOSM၁။ စတုရန်းကွက်၏ နယ်နိမိတ်အနားသတ်ကို ကျူထရံကွက်ပုံစံဖြင့် ညွှန်ပြထားသည်။ bing ပုံရိပ်ကို ထည့်သွင်းထားသော်လည်း ဤစကေးတွင် ပုံရိပ်သည်အသေးစိတ်မဟုတ်ပေ။ ကနဦးအမြင် - ID၁။ သင့်စတုရန်းကွက်၏ နယ်နိမိတ်အနားသတ်ကို ခရမ်းရောင်မျဉ်းကြောင်းဖြင့် ညွှန်ပြထားသည်။ စတုရန်းကွက်များတွင် တစ်ခုနှင့်တစ်ခုမဆိုစလောက်ထပ်လျက်ရှိပါသည်။ သို့မှသာ နယ်နိမိတ်အနားသတ်တွင်ရပ်တံ့သည့် သင့်စတုရန်းကွက်ရှိ အသွင်အပြင်တစ်ခုသည် ကပ်လျက်စတုရန်း၏နယ်နိမိတ်အတွင်း ပေါ်လွင်မည်ဖြစ်သည်။ အခြားတစ်နေရာတွင် ရှင်းလင်းပြထားသည့် ‘ပဋိပက္ခများ (conflicts)’ ကိုရှောင်ရှားရန် သင့်စတုရန်းကွက်အတွင်းရှိ အသွင်အပြင်များကိုသာ သင်သည်မြေပုံရေးဆွဲသင့်ပါသည်။ အခြားသော ကနဉီးအမြင်- iD၁။ စတုရန်းကွက်၏ နယ်နိမိတ်။ တည်ရှိဆဲဒေတာများအပေါ်တွင် စစ်ဆေးခြင်း - JOSM၁။ ကျွန်ုပ်သည် OSM ဒေတာရှိ တည်ဆဲအသွင်အပြင်များအနက်တစ်ခုအပေါ်တွင် နှိပ်ထားလိုက်သည်။ ယခုအခါ ယင်းသည် မျက်နှာပြင်ပေါ်တွင် အနီရောင်ဖြစ်သွားပါသည်။ ဤလမ်းညွှန်ချက်၏ နောက်ကဏ္ဍမှာအသွင်အပြင်များကို မည်သို့မည်ပုံမြေပုံရေးဆွဲသင့်ကြောင်းနှင့် တွဲဆက်သင့်ကြောင်း ညွှန်ပြထားပါသည်။ တည်ရှိဆဲဒေတာများအပေါ်တွင် စစ်ဆေးခြင်း- ID၁။ ကျွန်ုပ်သည် OSM ဒေတာများရှိ တည်ဆဲအသွင်အပြင်များအနက်တစ်ခုအပေါ်တွင် နှိပ်ထားလိုက်သည်။ ယခုအခါယင်းသည် မျက်နှာပြင်၌ အနီရောင်နယ်နိမိတ်မျဉ်းကြောင်းဖြင့်ပြသလျက်ရှိကာ iD သည် သုံးစွဲနိုင်သောကိရိယာများအဖြစ် ပြသလျက်ရှိသည်။ ဤလမ်းညွှန်ချက်၏နောက်ကဏ္ဍမှာ အသွင်အပြင်များကို မည်သို့မည်ပုံမြေပုံရေးဆွဲသင့်ကြောင်းနှင့် တွဲဆက်သင့်ကြောင်း ညွှန်ပြထားပါသည်။ လမ်းမကြီးများ၊ အဆောက်အဦးများ၊ ရေ နှင့် မြေအသုံးချမှုအချက်အလက်များကို ရှာဖွေခြင်း။ ဆက်လက်ဖတ်ရှုရန်
ဤအခန်းသည် သင့်အတွက်အထောက်အကူပြုပါသလား။
ကျွန်ုပ်တို့၏လမ်းညွှန်မှုများကိုတိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့အားအသိပေးခြင်းဖြင့်ကူညီပါ။
|