ဆက်လက်လေ့လာခြင်း

Reviewed 2020-05-08

သင့်အနေနဲ့ OpenStreetMap တွင် မြေပုံထည့်သွင်းပေါင်းစပ်ခြင်းကို ကောင်းစွာနားလည်သိရှိပြီဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ OSM ကိုအသုံးချလျက် မည်သည်တို့ကိုလုပ်ဆောင်နိုင်သနည်း။ ပိုမိုလေ့လာသိရှိအောင်မည်သို့လုပ်ဆောင်မည်နည်း။ မြေပုံထုတ်သူအချင်းချင်း မည်သို့မည်ပုံဆက်သွယ်ချိတ်ဆက်နိုင်ပါမည်နည်း။

OSM ကိုလေ့လာခြင်းသင်ခန်းစာနှင့် ဆက်စပ်သောအခြားအပိုင်းများ

iD အသုံးပြုမြေပုံတည်းဖြတ်မှု (iD Editor) အခန်း၏ နိဂုံးပိုင်းတွင် iD နှင့် JOSM အကြား ခြားနားချက်များကိုလေ့လာခဲ့ပြီးဖြစ်သည်။ JOSM ဆော့ဖ်ဝဲလ်အကြောင်းရှင်းလင်းချက်များကိုလည်း entire section devoted to JOSM တွင် သီးသန့်ဖော်ပြထားသဖြင့် အပြည့်အစုံသွားရောက်လေ့လာနိုင်ပါသည်။

မြေပုံထဲသို့ ကျွန်ုပ်တို့ပေါင်းထည့်လိုက်သော ပြင်ဆင်မှုများအားလုံးသည် နောက်ခံပုံရိပ်ကို အခြေခံထားကြောင်းနားလည်ကြရမည်ဖြစ်သည်။ ပိုမိုပြီးပြည့်စုံသော သတင်းအချက်အလက်များကိုလည်း လမ်းလျှောက်ရင်းဖြစ်စေ၊ ကားဖြင့်သွားရင်းဖြစ်စေ စုဆောင်းထည့်သွင်းနိုင်ပါသည်။ အကြောင်းအရာတစ်ခုအတွက် အထူးပုံစံဖြင့်ထုတ်ထားသောပုံများ၊ GPS ပါဝင်သောပစ္စည်းများမှတစ်ဆင့် စုဆောင်းထားသောအချက်အလက်များကို အသုံးပြု၍ မြေပုံထုတ်ခြင်းကို မိုဘိုင်းဖြင့်မြေပုံထုတ်ခြင်းအပိုင်း(section on mobile mapping) တွင်ရှင်းပြထားပါသည်။ မိုဘိုင်းစက်များအတွက် OpenStreetMap နှင့်ဆက်စပ်အသုံးပြု၍ရသော application များအကြောင်းကိုလည်းပဲ ၎င်းအခန်းတွင်ရှင်းလင်းဖော်ပြထားသည်။

OpenStreetMap သည် အတူတကွပူးပေါင်းအားထုတ်သည့် လုပ်ရပ်ဖြစ်ပြီး သင့်အနေဖြင့်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဆောင်ရွက်မည်ဟုယုံကြည်ပါသည်။ အားထုတ်ပူးပေါင်းမှု၏ရလာဒ်အချို့ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ (Humanitarian) OpenStreetMap ၏ကြီးကြပ်မှုဖြင့် လူသားချင်း ကူညီထောက်ပံ့မှုကိစ္စရပ်တို့တွင် အသုံးပြုနိုင်ရန် ရည်စူးထားသည်။ နီပေါငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဖြစ်ရပ်မျိုးတွင် HOT အဖွဲ့သို့အကူအညီပေးပူးပေါင်းလိုပါက အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း(section on coordination) အပိုင်းတွင် သွားရောက်လေ့လာနိုင်သည်။ ၎င်းသည်ကျဉ်းမြောင်းသောနေရာတစ်ခုအတွက် လူများစွာအတူတကွ အဆင်ပြေပြေပူးပေါင်းလုပ်ဆောင်နိုင်ရန် ဖန်တီးထားသောပရိုဂရမ်ကိရိယာတစ်မျိုးဖြစ်သည်။ သင့်အနေဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်နေစဉ်အတွင်း ကြုံတွေ့လာနိုင်သော လုပ်ငန်းပိုင်းအတွက်လည်း ညွှန်ကြားချက်များပါဝင်ပါသည်။

ပိုမိုသင်ယူလေ့လာရန်

အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သော wiki.openstreetmap.orgတွင်လည်းသွားရောက်လေ့လာနိုင်ပါသည်။ ၎င်းတွင် OpenStreetMap နှင့်သက်ဆိုင်သော ပရောဂျက်များ၊ စာရွက်စာတမ်းများနှင့် လေ့ကျင့်ခန်းများ စသည်ဖြင့်အပြည့်အစုံတွေ့ရှိလေ့လာနိုင်ပါ သည်။

Wiki

အင်တာနက်မှ စာပို့ရန်စာရင်း

OpenStreetMap အသုံးပြုသူများအချင်းချင်းဆက်သွယ်ချိတ်ဆက်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မိမိနေရာဒေသအတွင်းရှိ စာပို့စာရင်း(Mailing List) နှင့် ချိတ်ဆက်ရန်ပင်ဖြစ်သည်။ လူများစွာသည် ၎င်းတို့၏အီးမေးလ် (Email)ကိုအသုံးပြု၍ OSM စာပို့စာရင်းတွင်မှတ်ပုံတင်ထားကြသည်။ ၎င်းစာရင်းတွင်ပါဝင်ပါက မိမိအနေဖြင့်သိရှိလို၊မေးမြန်းလိုသောအကြောင်းအရာများကို အဖွဲ့သို့စာပို့၍စုံစမ်းမေးမြန်းနိုင်ပါသည်။

သင်နေထိုင်သောနိုင်ငံ၏စာပို့စာရင်းတွင်မှတ်ပုံတင်ရန်အတွက် lists.openstreetmap.org သို့သွားပါ။

Mailing list

သင့်နိုင်ငံနှင့်ကိုက်ညီမှုရှိသော စာရင်းကိုရှာပါ။ စာရင်းထားရှိသည့် နည်းလမ်းမှာ “Talk-lg” စသည် ဖြင့် အမည်ပေးထားပြီး (lg) မှာ နိုင်ငံအမည် ဖြစ်သည်။ ဥပမာ… “Talk-id” သည် အင်ဒိုနီးရှားနိုင်ငံအတွက် စာပို့စာရင်းဖြစ်သည်။

  • သင်ပါဝင်ဆက်သွယ်လိုသော စာရင်းပေါ်သို့ နှိပ်ပါ။
  • အောက်ပါ အချက်အလက်များကို ဖြည့်သွင်းပါ။
    • သင်၏အီးမေးလ်လိပ်စာ (Email address)
    • သင့်အမည်၏ ပထမစာလုံး
    • စကားဝှက် (password)
    • စကားဝှက်ကို နောက်တစ်ကြိမ်ဖြည့်ရန်
  • ပြီးပြည့်စုံက Subscribe ကို နှိပ်ပါ။
  • OpenStreetMap အတွက်မှတ်ပုံတင်ခဲ့စဉ်ကအတိုင်း သင့်အီးမေးလ်ကိုဖွင့်စစ်ကြည့်ပါ။ အတည်ပြုချက်ရယူသောစာတစ်စောင် သင့်အီးမေးလ်ထံသို့ရောက်လာပါလိမ့်မည်။
  • အတည်ပြုချက်ရယူသောစာတွင်ပါရှိသည့် အင်တာနက်ဆက်ကြောင်း (Confirmation Link) ကိုနှိပ်ပါ။
  • သင်သည်မှတ်ပုံတင်ထားသောစာပို့စာရင်းတွင် အဖွဲ့ဝင်အဖြစ်ရောက်ရှိသွားပါလိမ့်မည်။
  • ထို့နောက် သင့်အနေဖြင့်စာပို့စာရင်းသို့စာပို့လိုက ပို့နိုင်ပြီဖြစ်သည်။ လိပ်စာနေရာတွင် talk-id@openstreetmap.org ဟုရိုက်ထည့်ပါ။ “id” ၏နေရာတွင် သင့်နိုင်ငံအတွက်ကိုယ်စားပြုသော အက္ခရာစာလုံးကိုပြောင်းလဲထည့်သွင်းရမည်ဖြစ်သည်။ အခြားအဖွဲ့ဝင်တစ်ဦးမှပေးပို့သောစာကိုလည်း သင့်အနေဖြင့်လက်ခံရရှိနိုင်ပြီဖြစ်သည်။

Example of OSM use - MyOSMatic

One such project is called MyOSMatic, which you can access through your internet browser at print.get-map.org. This is a simple tool for printing a map of any city you choose. It will automatically create the map, along with a grid over the map, and an index of locations that are included in the area.

MyOSMatic

Further uses of OpenStreetMap data are explained in the OSM-Data section of LearnOSM

အကျဉ်းချုပ်ဖော်ပြချက်

ဖော်ပြပါအကြောင်းအရာများသည် OpenStreetMap အဖွဲ့အစည်းအတွင်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရန် နည်းလမ်းများနှင့် ဆက်လက်လေ့လာရန်တို့ဖြစ်သည်။ သင့်အနေဖြင့် OSM အကြောင်း ကို ဆက်လက်ရှာဖွေလေ့လာပြီး OSM project ကိုလည်းကူညီထောက်ပံ့လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ မြေပုံရေးဆွဲမှုတွင် ပျော်ရွှင်နိုင်ပါစေ။